အိမ်ထောင်ပြုဖို့ စိတ်ကူးလုံးဝမရှိတဲ့ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ ကျောင်းဆရာမလေး Hee-won ဟာ သူငယ်ချင်းကို ကြိတ်ချစ်နေရတာ အဆင်မပြေဖြစ်ပြီး စိတ်ညစ်ညစ်နဲ့ Bar မှာ သောက်ရာကနေ… သူစိမ်းယောကျ်ားတစ်ယောက် (Doo-joon) နဲ့ One Night Stand ဖြစ်သွားခဲ့ပါတယ်။
ကံကြမ္မာအလှည့်အပြောင်းကြောင့် ကိုယ်ဝန်ရသွားတဲ့အခါ… တခြားသူတွေနဲ့ မတူဘဲ တာဝန်ယူဖို့ ကမ်းလှမ်းလာတဲ့ CEO ကြီး Doo-joon နဲ့ မဖြစ်မနေ လက်ထပ်ရမယ့် အခြေအနေ ရောက်လာပါတယ်။ “ကလေးအတွက်” ဆိုပြီး စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ရော အချစ်စစ် ဖြစ်လာနိုင်ပါ့မလား?
Choi Jin-hyuk နဲ့ Oh Yeon-seo တို့ရဲ့ Chemistry က Trailer ကြည့်ရုံနဲ့တင် လူကြီးဆန်ဆန် ရိုမန်းတစ်ဖြစ်မယ့်ပုံ ပေါက်နေပါတယ်။Webtoon နဲ့ နည်းနည်းကွဲပြားပြီး Drama Version မှာ မိသားစုရေးရာ ပဋိပက္ခတွေနဲ့ ဟာသခန်းလေးတွေ ပိုဖြည့်စွက်ထားပုံရပါတယ်။အူတိုတာ၊ နားလည်မှုလွဲတာတွေ သိပ်မပါဘဲ (၂၀၂၆) နှစ်ဦးပိုင်းမှာ ကြည့်ရမယ့် Feel-good Rom-Com ကောင်းလေး တစ်ကားပါ။
တာဝန်ယူမှုအပြည့်ရှိတဲ့ CEO ကြီး Choi Jin-hyuk နဲ့ မင်းသမီးချော Oh Yeon-seo တို့ အတွဲအဖက်ကို မြင်ရမှာပါ။ One Night Stand ကနေ စခဲ့ပေမယ့် နောက်ပိုင်းမှာ သဲသဲလှုပ်ချစ်ပြမယ့် Healthy Relationship မျိုးကို ကြည့်ချင်ရင် အခုပဲ စကြည့်လိုက်တော့နော်။ 🍼💍
#PositivelyYours #ChoiJinHyuk #OhYeonSeo #Kdrama2026 #WebtoonAdaptation #NewSeries