ကောကော Song Weilong နဲ့ ကျဲကျဲ Zhao Jinmai တို့နှစ်ယောက်ရဲ့ ပျားရည်လေးလို ချိုမြနေမဲ့ အချစ်ဇာတ်လမ်းလေးပါ…
ဇာတ်လမ်းအညွှန်း …..
Nie Xi Guang (Zhao Jinmai) ဟာ တက္ကသိုလ်ကျောင်းသူဘဝမှာ ထူးချွန်ကျောင်းသားဖြစ်တဲ့ Zhuang Xu (Lai Weiming) ကို သဘောကျခဲ့ပြီး မပိုင်ဆိုင်ခဲ့ရတဲ့ သူမရဲ့ အချစ်ဦးလေးဖြစ်ခဲ့ရတာပါ။
ကျောင်းပြီးသွားလို့ မိဘပိုင် လျှပ်စစ်ပစ္စည်းကုမ္ပဏီမှာ အောက်ခြေဝန်ထမ်းမလေးအဖြစ် စဝင်ရောက်ချိန်မှာ အထင်လွဲမှုတစ်ခုကြောင့် မန်နေဂျာ Lin Yu Sen (Song Weilong) ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရကာ ပညာသားပါပါနှိပ်စက်မှုဒဏ်တွေကို ခနတိုင်းခံခဲ့ရပါတယ်။
Lin Yu Sen ဆိုတာကတော့ အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပြီး ကားမတော်တဆမှုကြောင့် ဆေးကုသခြင်းကို ရပ်ဆိုင်းခဲ့ရကာ စီးပွားရေးလောကထဲ ဝင်ရောက်လာခဲ့တာပါ …
အဲ့ဒီလို ဝန်ထမ်းအသစ်လေးအပေါ်မှာ အထင်လွဲမှုတွေကြောင့် ဒုက္ခပေးနေရင်းကနေပဲ နေရောင်ခြည်လေးလို နွေးထွေးတဲ့ ကောင်မလေးကြောင့် အတိတ်က စိတ်ဒဏ်ရာတွေကနေ သက်သာလာခဲ့သလို သူ့ရဲ့ဘဝကြီးဟာ ပြန်လည်တောက်ပလာချိန်မှာတော့ ကောင်မလေးကို နည်းအမျိုးမျိုးနဲ့ ပိုးပန်းပါတော့တယ်။
အချစ်ဦးနဲ့ လွဲခဲ့ရတဲ့ Nie Xi Guang တစ်ယောက် မန်နေဂျာကြီးရဲ့ချစ်ခြင်းမေတ္တာကို ဘယ်လိုတုန့်ပြန်သွားမလဲ ???
နောက်ပြီး Lin Yu Sen ကရော အထွေထွေမန်နေဂျာအဖြစ်ကနေ ဆရာဝန်ဘဝကို ပြန်လည် အခြေချနိုင်ဦးမလားဆိုတာ …
အချစ်ဦးဖြစ်ခဲ့တဲ့ Zhuang Xu ကလည်း ကောင်မလေးရဲ့ ဘဝထဲကို ဝင်ရောက်လာပြန်တဲ့အခါ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုမျိုး လှလှပပနဲ့ ဖြစ်တည်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရပါတော့မယ်နော် …..