James နဲ့ Gao တိုရဲ့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Lie Yan ဇာတ်ကားကြီးကတော့ လာမယ့် ၂၂ ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်….
ဒီကားက သာမန် BL ကားမျိုးမဟုတ်ဘဲ Republic Era (ခေတ်ဟောင်းကာလ) ကို အခြေခံထားတဲ့ အမိုက်စား Action Drama ဇာတ်ကားကောင်းလေးတစ်ကားပါ…
ဇာတ်လမ်းအကျဉ်း
>>>>>>>>>>>>>>
မိသားစုတစ်ခုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီးနောက်မှာ တစ်ယောက်ထဲအသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်….
ကံကြမ္မာရဲ့ ကျီစယ်မှုကတော့ သူ့မိသားစုကို သတ်ခဲ့တဲ့ ရန်သူကပဲ သူ့ကို လူသတ်လက်နက်တစ်ခုလိုမျိုးဖြစ်တဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ…
မိသားစုကို သတ်ခဲ့တဲ့ ရန်သူ့လက်ထဲမှာပဲ လူသတ်လက်နက်တစ်ခုလို ကြီးပြင်းလာရတဲ့ Lin Yan …
Lin Yan အနားမှာ အမြဲတမ်းရှိနေပေးပြီး အဖော်ဖြစ်ပေးခဲ့တဲ့ Shen Zhao…
” မီးလျှံဆိုတာ အရာအားလုံးကို
နွေးထွေးမှုပေးနိုင်သလို… လောင်ကျွမ်းပြာကျသွားအောင်လည်း လုပ်နိုင်တယ်…”
Lin Yan နဲ့ Shen Zhao တိုကြားက ပတ်သက်မှုက ဘယ်လောက်တောင် နက်နဲပြီး နာကျင်စရာကောင်းလိုက်မလဲ….???
မိသားစုရန်ငြိုးတွေ၊ သစ္စာဖောက်မှုတွေနဲ့ အချစ်တွေကြားမှာ ပေါက်ပွားလာတဲ့ သူတိုနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်ဖြစ်သွားမလဲ….???
————————————————-
သူတိုနှစ်ယောက်ရဲ့ အကြည့်တွေ၊ အပြုအမူတွေ၊ Chemistry မိမှုတွေ၊ Height Difference တွေနဲ့တင် ဒီကားက ကြည့်ရတာ တန်နေပြီမို
BLSFLIX Channel ကနေ လက်မလွှတ်တမ်း အမြဲစောင့်ကြည့်ပေးကြပါဦးနော်….
Y..🤎