🦋ဒီတစ်ခါ BLSFLIX ချန်နယ်ကနေပြီးတော့ မင်းသားLee Jae Wookကို စရိုက်နှစ်မျိုး ပုံစံနှစ်မျိုးနဲ့ တွေ့ရမဲ့ အမွှာဇာတ်ကားလေး Last Summerကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။
🦋Baek Do Ha(Lee Jae Wook)နဲ့ Bake Do Yeong( Lee Jae Wook)တိုက မိဘနှစ်ပါးကွာရှင်းပြီးနောက်မှာ တစ်ယောက်က မိခင်ဖြစ်သူနဲ့ ယူအက်စ်မှာ လိုက်နေပြီး တစ်ယောက်က ကိုရီးယားမှာပဲနေထိုင်ပါတယ်။ အမေရိကမှ နေထိုင်တဲ့ Baek Do Haရဲ့ နွေရာသီပိတ်ရက်တိုင်း အဖေဖြစ်သူနဲ့ Baek Do Yeongတိုဆီ လာပြီးနေထိုင်လေ့ရှိပါတယ်။
🦋ဒီအချိန်မှာ Do Haဟာ အိမ်နီးချင်း ကောင်မလေးဖြစ်သူ Song Ha Gyeongနဲ့လည်း အတော်ကလေးရင်းနှီးခဲ့ပါတယ်။ အချိန်တွေကြာလာ အရွယ်ရောက်လာကြတော့ Do Haက ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာပြီး Ha Gyeongကတော့ ပြည်သူ့၀န်ထမ်း ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ဟာ ပြန်လည်ဆုံတွေ့ကြတဲ့အခါ။
🦋အမွှာအစ်ကိုဖြစ်တဲ့ Do Yeongအပါအ၀င် သူတိုသုံးယောက်လုံးဟာ ဘ၀ရဲ့ ရက်စက်ခက်ထန်မှုတွေကို မျက်မြင်တွေ့လာရတဲ့အခါ ငယ်ရွယ်စဉ်ကလို အပြစ်မကင်းနိုင်တော့တာ မလွတ်လပ်နိုင်တော့တာအမှန်ပါ။ “တကယ်တော့ ကျွန်မတိုဟာ လူကြီးတာ၀န်တွေကို ထမ်းဆောင်လာရတဲ့ ကလေးတွေပါပဲ”ဆိုတဲ့စကားလေးကိုမြင်ယောင်ရင်း သန်မာသူလူငယ်လေးတွေ ဘ၀ကိုအရှုးမပေးကြိုးစားတာကို ချစ်ခြင်းမေတ္တာလေးနှောပြီး ကြည့်ရမှာမလို BLSFLIX Channel မှာလက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်