Lee Iljo က ဖခင်ရဲ့ဈာပနမှာ မိသားစုကနေ အပယ်ခံ၊ ရိုက်နှက်ခံခဲ့ရတဲ့ ဖခင်ဘက်က တရားမဝင်သားတစ်ယောက်ပါ…
အလုပ်အကိုင်မရှိ၊ ငွေကြေးမရှိ၊ သွားစရာနေရာမရှိဖြစ်နေတဲ့ Lee Iljo က သူ့ရဲ့ဝမ်းကွဲအစ်ကို Seo Jeonghan ဆီမှာ ခိုလှုဖို ရောက်လာပါတယ်…
Seo Jeonghan က ချမ်းသာပြီး အေးတိအေးစက်နိုင်တဲ့သူ တစ်ယောက်ဖြစ်ပေမယ့် Lee Iljo ကိုသနားစိတ်နဲ့ သူ့အိမ်မှာ နေခွင့်ပေးခဲ့ရာကနေ သူတိုနှစ်ဦးရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေး စတင်ခဲ့ပါတော့တယ်…
••• တစ်ညမှာတော့ အရက်မူးနေတဲ့ Seo Jeonghan ကို Lee Iljo ကို ရုတ်တရက်နမ်းလိုက်မိပါတော့တယ်
••• အဲ့ဒီနောက်ပိုင်း မကြာခင်မှာ Lee Iljo ဟာ သည်းခြေကျောက်တည်လို ဆေးရုံတက်ရတဲ့အခါ Seo Jeonghan က သူ့ရဲ့ခွဲစိတ်စရိတ် ၄ သန်းဝမ်ကို ပေးချေခဲ့ပြီး…
••• အဲဒီကြွေးကိုဝောာ့ “ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ရမယ်” ဆိုတဲ့ စာချုပ်တစ်ခု ချုပ်ဆိုပြီး Lee Iljo ကို ချုပ်ကိုင်ပါတော့တယ်…
အစပိုင်းမှာ စိတ်ဓာတ်မာကျောနေတဲ့ Seo Jeonghan ဟာ သူ့ဆီမှာ မှီခိုနေရပြီး စိတ်ရင်းဖြူစင်တဲ့ Lee Iljo ကို တဖြည်းဖြည်းနဲ့စွဲလမ်းလာပြီး ပိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာမို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…