အစ အဆုံးရပါပြီ
Geum Bok လိုခေါ်တဲ့ ရွာက ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဆိုးလ်အထိ တက်လာခဲ့ပေမဲ့ အလိမ်ခံခဲ့ရတဲ့အပြင် မှင်စာဘုရင်တစ်ယောက်ဖြစ်တဲ့ Bi Hyeong ဆီကပါ အနမ်းခံလိုက်ရပါတယ်
ထူးဆန်းစွာနဲ့ Geum Bokဟာ Bi Hyeongဆီကို စွမ်းအင်တွေ လုံလုံခြုံခြုံပေးနိုင်တဲ့ တစ်ဦးတည်းသော လူသားဖြစ်နေတဲ့အတွက် Bi Hyeongရဲ့ သက်တော်စောင့် Gil Dal ကနေ ထိုလူသားကို အိမ်ခေါ်လာရမှ ယောက်ျားသားသုံးယောက် အတူနေဖြစ်သွားပါတော့တယ်
Geum Bok ဟာ Bi Hyeongရဲ့ ဝိညာဉ်နေ့လယ်စာဘူးလိုဖြစ်သွားပြီး Bi Hyeongကလည်းတစ်ဖန် Geum Bokကို သရဲတွေဆီက ကာကွယ်ပေးရပါတယ်။
တစ်နေ့ Geum Bokတစ်ယောက် ပလတ်စတစ်ဆာဂျရီဆေးခန်းကို သွားရင်း အမြီးကိုးချောင်းမြေခွေး Dr.Ji Gwi နဲ့ ဆုံခဲ့ကြရာကနေ Dr.Ji Gwiတစ်ယောက် Geum Bokမှတစ်ဆင့် သူရဲ့ လွမ်းဆွတ်နေရတဲ့ ချစ်သူGil Dalနဲ့ ပြန်ဆုံခွင့်ရခဲ့ပါတယ်
အဲဒီလို ၄ယောက်ကြား ဆက်နွှယ်မှုတွေကြောင့် သဝန်တိုမှုတွေ အထင်လွဲမှုတွေ ကြီးလာရင်း Bi Hyeongရဲ့ အနမ်းကြောင့် Geum Bokတစ်ယောက် အငြိုးကြီးသရဲတွေဆီက ခြောက်လှန့်ခြင်းခံရပါတော့တယ်။
ထူးခြားပြီး စွမ်းအားကြီးတဲ့ ဖြစ်တည်မှုတွေကြား Geum Bok တစ်ယောက် အသက်ရှင်ဖိုလမ်းကိုရှာရမဲ့ ဇာတ်လမ်းလေးကို Romance Horror Fantasty စုံစုံလင်လင်နဲ့ ကြည့်ရှုရမှာမလို Oct 2 ရက်နေ့ကစပြီး BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးပါဦးရှင့်