ဇာတ်လမ်းအကျဉ်း
—————————-
“အထီးကျန်သူလေး”
ဒုတိယနှစ် အထက်တန်းကျောင်းသား Hioki ဟာ ကျောင်းခရီးစဉ်အတွက် အဖွဲ့ဖွဲ့တဲ့အခါ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ လွဲချော်ခဲ့ပြီး တစ်ယောက်တည်း ဖြစ်နေခဲ့ပါတယ်…
“မျှော်လင့်မထားတဲ့ ဖိတ်ခေါ်မှု”
အဲဒီအချိန်မှာပဲ သူ့ရဲ့ ဂျူနီယာကျောင်းတူ တစ်ယောက်ကနေတစ်ဆင့် ကျောင်းရဲ့ နာမည်အကြီးဆုံး “Four Heavenly Kings” လို့ ခေါ်ကြတဲ့ ချောမောခန့်ညားတဲ့ လေးယောက်အဖွဲ့ထဲကို ဖိတ်ခေါ်ခြင်း ခံလိုက်ရပါတော့တယ်
“လူချောတွေကြားက Hioki”
ပထမတော့ နာမည်ကြီးသူတွေနဲ့ အဖွဲ့ကျသွားတာကို Hioki တစ်ယောက် စိတ်ရှုပ်ထွေးနေခဲ့ပေမဲ့…
အဲဒီကိုလူချောလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Tokai က Hioki ကို အမြဲတမ်း ဂရုတစိုက်ရှိပြီး ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်…
Tokai ရဲ့ ကြင်နာမှုတွေကြောင့် သူတို့နှစ်ဦးဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ရင်းနှီးလာခဲ့ကြပါတယ်…
~•~ လူကြိုက်များပြီး နာမည်ကြီးတဲ့ Tokai ရဲ့ ဂရုစိုက်မှုတွေဟာ ရိုးသားတဲ့ ကြင်နာမှုသက်သက်ပဲလား၊ ဒါမှမဟုတ် နောက်ကွယ်မှာ တခြားလျှို့ဝှက်ချက် တစ်ခုခုရှိနေမလား
~•~ သာမန်ကျောင်းသားလေး Hioki နဲ့ ကျောင်းရဲ့ မင်းသားလေး Tokai တို့ရဲ့ ဆက်ဆံရေးဟာ ကျောင်းခရီးစဉ်အပြီးမှာ ဘယ်လိုမျိုး အချိုးအကွေ့တွေကို ရင်ဆိုင်ရမလဲ…
ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသားနှစ်ယောက်ရဲ့ရင်ခုန်စရာ ဇာတ်လမ်းလေးမို့ BLSFLIX Channel လေးမှာ လက်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…
Y..🕊️