ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Romantics Anonymous လိုခေါ်တဲ့ ပြင်သစ်ဘယ်လ်ဂျီယန် ရုပ်ရှင်ကို Remake လုပ်ထားတဲ့ ဂျပန်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျပန်မင်းသားကြီး Oguri Shun နဲ့ ကိုးရီးယားမင်းသမီး Han Hyo Joo က ပါဝင်သရုပ်ဆောင်ထားပါတယ် ချောကလက်ကြိုက်တဲ့သူတွေ ကျိန်းသေကြည့်သင့်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပါ။
လူကြိုက်များတဲ့ချောကလက်ဆိုင် “Le Sauveur” ရဲ့ ဥက္ကဋ္ဌအသစ်တစ်ယောက်ဖြစ်တဲ့ Fujiwara Sosuke ဟာ အသန့်ကြိုက်ရောဂါရှိသူတစ်ဦးဖြစ်ပြီး လူတွေနဲ့ထိတွေ့ရမှာကြောက်တဲ့သူတစ်ဦးဖြစ်ပါတယ်။
တစ်ဖက်မှာတော့ လူတွေကို မျက်လုံးချင်းဆိုင်မကြည့်ရဲတဲ့ လူကြောက်ရောဂါရှိတဲ့ Lee Ha Na ဟာ အလွန်ကျွမ်းကျင်တဲ့ ချောကလက်ပညာရှင်ဖြစ်ပေမဲ့ သူ့ဆရာဖြစ်တဲ့ “Le Sauveur” ရဲ့ မူရင်း ဆိုင်ပိုင်ရှင်ကလွဲပြီး တခြားအဖွဲဝင်တွေမသိအောင် သူ့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားတဲ့သူတစ်ယောက်ပါ။
ဒါပေမဲ့ သူတိုနှစ်ယောက်ဟာ ကံကြမ္မာဖန်လာပြီး အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် လူတွေနဲ့ထိတွေ့ရမှာကြောက်တဲ့သူ Fujiwara Sosuke က Lee Ha Na ကို ထိတွေ့ရင် ဘာမှမဖြစ်သလို Lee Ha Na ကလည်း Fujiwara Sosuke ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်ရဲခဲ့ပါတယ်
သူတိုနှစ်ယောက်ရဲ့အားနည်းချက်က သူတိုနှစ်ယောက်အတွက် ဘာမှမဖြစ်ဘဲ ပြောင်းလဲဖိုဖြစ်လာခဲ့ပါတယ်
ပျော်ရွှင်ခြင်းချောကလတ်ကနေ စတင်လာခဲ့တဲ့ ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးကို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုဖို
ဒီမှာ စုံကြမယ်နော်