အသက် (၂၆) နှစ်အရွယ် ဗေဒင်ဆရာတစ်ယောက်ဖြစ်တဲ့ Win …
ဒီနှစ်ဟာ သူအသက်ရှင်သန်ရမဲ့နောက်ဆုံးနှစ်ဖြစ်နေတဲ့အခါ…
••• ဒီတော့ သူ့ရဲ့ “ကံကြမ္မာအချိန်” ကို ရပ်တန့်ပေးနိုင်မယ့် ဝိညာဉ်စွမ်းအားရှင်ကို သူ အမြန်ဆုံး ရှာဖွေရဖို ဖြစ်လာပါတော့တယ် …
••• အဲ့ဒီအချိန်မှာပဲ… Ghost Show အစီအစဉ်မှူးတစ်ယောက်ဖြစ်နေပေမယ့် သရဲရှိတယ်ဆိုတာကို လုံးဝမယုံကြည်တဲ့သူတစ်ယောက်ဖြစ်တဲ့ Phloeng နဲ့
••• အကျင့်စရိုက်၊ ယုံကြည်ချက်ခြင်း လုံးဝဆန့်ကျင့်ဘက်တွေဖြစ်နေတဲ့ ဗေဒင်ဆရာလေး Win တိုတွေ့ဆုံလိုက်ရတဲ့အခါမှာတော့….
“ကံကြမ္မာကြိုမြင်ရတဲ့ဗေဒင်ဆရာလေး နဲ့ လက်တွေ့ကျတာကို ယုံကြည်တဲ့ သရဲအစီအစဥ်မှူး…”
လုံးဝ ပေါင်းစပ်လိုမဖြစ်နိုင်တဲ့ ဒီတွဲဖက်ဟာ အသက်ရှင်သန်ရေးကြောင့် အတွက် ပူးပေါင်းလိုက်ရတဲ့အခါမှာတော့…
ဖန်သားပြင်ပေါ်က Ghost Hunter က သူ့ရဲ့ အတွေးအခေါ်တွေကို စွန့်လွှတ်ပြီး မမြင်ရတဲ့ လောကကို လက်ခံလာမလား…
ကံဆိုးနေတဲ့ ဗေဒင်ဆရာလေး Win ကရော သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် စွမ်းအားကို Phloeng ရဲ့ ကိုယ်ထဲမှာ တွေ့ရှိသွားမလား…
———————————————-
လျှိဝှက်ဆန်းကြယ်မှုများ၊ စိတ်လှုပ်ရှားမှုနဲ့ နှစ်ဦးကြားက ဆက်နွှယ်မှု တွေ ရောနှောနေတဲ့… ယုံကြည်မှုနဲ့ စွမ်းအားတွေ ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို BLSFLIX Channel ကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ….