တရုတ်နိုင်ငံက မွန်ဂိုလူမျိုးတွေနေတဲ့ မြက်ခင်းပြင်ဒေသဆိုတာက မြက်ခင်းပြင်အကျယ်ကြီးတွေရယ် လှပတဲ့ရှူခင်းတွေရယ်ကြောင့် တကယ့်ကိုသာယာတဲ့နေရာလိုလူသိများပါတယ်။အဲဒီမြက်ခင်းပြင်ဒေသမှာ တည်းခိုအိမ်ဖွင့်စားနေတဲ့ တိကုလိုင်စင်ဖြေဖိုကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။
မြက်ခင်းပြင်ဒေသဆိုတဲ့အတိုင်း သိုးထိန်းခွေးတွေဟာလည်း အိမ်တိုင်းမှာရှိတာပေါ့။ ဒီလိုနဲ့ တိကုလေးမွေးထားတဲ့ သိုးထိန်းခွေးလေးကနေ ဖန်ပေးလိုက်တဲ့ စင်္ကာပူသားတစ်ယောက်နဲ့ တိကုလေးကြားက ရေစက်ဟာ ဘယ်လိုလှလှပပဖြစ်တည်လာလိမ့်မလဲ။
ရှုမောဖွယ်ကောင်းတဲ့ ဒေသကိုနောက်ခံထားပြီး ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးပေးထားတာမလို ဆောင်းရာသီအေးအေးမှာ နှလုံးသားလေးနွေးဖို အချိန်လည်းသိပ်မပေးရတဲ့ Short drama အတိုလေးကို BLSFLIX Channel မှာ လာရောက်ကြည့်ရှုလိုရပါပြီ