အမြဲစကားနိုင်လု မျက်စောင်းပစ်ပြီး အမြဲတမ်းရန်ဖြစ်နေတဲ့ သက်တမ်းရင့် ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဂျေရိုမီ နဲ့ ဂျင်
တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်တာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို မျက်စောင်းတခဲခဲလုပ်တာကလွဲလို တခြားဘာမှ မလုပ်ကြပေမယ့်လည်း သူတိုက ခွဲမရတဲ့ သူငယ်ချင်းတွေဆိုလည်း ဟုတ်ပါတယ်
တစ်နေ့တော့ ဂျေက ဂျင် သေဆုံးမယ့် အနာဂတ်တစ်ခု ကို ရုတ်တရက် မြင်လိုက်ရပြီးနောက် ကားမတော်တဆမှုတခုဖြစ်ခဲ့ရပါတယ်
မမျှော်လင့်ဘဲ ကံကြမ္မာရဲ့ ဖန်တီးမှုအရ ဒဏ်ရာရနေတဲ့ ဂျေ တစ်ယောက် ပြန်ပြီးသက်သာလာစေဖိုအတွက် သူ့ရဲ့ ထာဝရရန်သူလေး ဂျင်ရဲ့ စောင့်ရှောက်မှုအောက်ကို ရောက်သွားခဲ့ရပါတယ်
စိတ်မပါဘဲ အတူတူနေထိုင်ရင်း အချိန်တွေကြာလာတဲ့အခါ ဂျေတစ်ယောက် ဂျင်ရဲ့ ပုံမှန်မဟုတ်တဲ့ ဂရုစိုက်မှုတွေ ခံစားချက်တွေကို စတင်ပြီး သတိထားမိလာတဲ့အချိန်
အမြဲလိုလို ရန်လိုတဲ့အကြည့်နဲ့ အေးစက်တဲ့စကားလုံးတွေ နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ နူးညံ့တဲ့ စောင့်ရှောက်မှု တစ်ခုရှိနေတာကို ဂျေ တစ်ယောက် တွေ့ရှိသွားတဲ့အခါ
မုန်းတီးမှုအောက်ကနေ မွေးဖွားလာတဲ့ ဘယ်သူမှ မမျှော်လင့်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလေးကို အစပြုရင်း သေဆုံးရမယ့်အနာဂတ်ကို ဂျေနဲ့ဂျင်တို နှစ်ယောက် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို…
Enemy to Lover ဆန်ဆန် အငြင်းအခုန်တွေကြားမှာ ရယ်ရယ်မောမောနဲ့ ကြည့်ရှူရမယ့် Head 2 Head Series လေးကို အပတ်စဉ် အောက်တိုဘာ ၂၆ ရက်နေ့ကစလို တနင်္ဂနွေနေ့တိုင်း BLSFLIX Channel မှာ အစောဆုံးကြည့်ရှူနိုင်ဖိုအတွက် ဖိတ်ခေါ်လိုက်ရပါတယ်ရှင် ❤️ ❤️ ❤️ ❤️