နှစ်ပေါင်း ၁၀၀၀ ကြာ ပိတ်မိနေတဲ့ Genie တစ်ကောင်က အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ပြန်ပေါ်လာတဲ့အခါ …
မင်မင်တို့ရဲ့ BLSFLIX channel ကနေ နောက်ထပ်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ Bae Suzy နဲ့ Kim Woo Bin တို့ရဲ့ “Genie,Make A Wish” ဆိုတဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။
ဆုတောင်းတွေ ဖြည့်ဆည်းပေးမယ့် (Genie) နဲ့ စိတ်ခံစားမှုတွေ နည်းနေတဲ့ ကောင်မလေး ဂါယောင်း တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Genie (Kim WooBin) ဟာ မီးအိမ်ထဲကနေ ထွက်လာတဲ့ စွမ်းအားရှင်တစ်ပါးပဲဖြစ်ပါတယ်။ သူဟာ စိတ်ခံစားမှုကို အပြည့်အဝ ဖော်ထုတ်တတ်သူဖြစ်ပြီး စိတ်အပြောင်းအလဲလည်း မြန်သူပါ။
ဂါယောင်း (Bae Suzy) ကတော့ အရမ်းလည်းလှသလို စိတ်ခံစားချက်တွေ ဖော်ပြတဲ့နေရာမှာ အားနည်းတဲ့သူလေးပါ။ တစ်နေ့ Genie ကို မီးအိမ်ထဲကနေ ခေါ်ထုတ်မိပြီး ဆုတောင်းသုံးချက် ရရှိလာခဲ့ရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက စတင်လာခဲ့တာပါ။
Kim Woo bin နဲ့ Suzy တို့ဟာ ၂၀၁၆ ” 𝐔𝐧𝐜𝐨𝐧𝐭𝐫𝐨𝐥𝐥𝐚𝐛𝐥𝐲 𝐅𝐨𝐧𝐝 ” ဆိုတဲ့ ဇာတ်လမ်းတွဲအပြီး ဒုတိယအကြိမ်မြောက် ပြန်လည်ဆုံတွေ့ကြတာပဲဖြစ်ပါတယ်။
Comedy, Romance & Fantasy အမျိုးအစားလေးဖြစ်ပြီးတော့ Netflix ကနေ စုစုပေါင်း ၁၃ ပိုင်း ထုတ်လွှင့်ပေးသွားမှာပါ။
ကြည့်ဖို့ ချန်နယ်လေး Join ခဲ့နော်