အမောအပန်းပြေစေမယ့် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေး လာပါပြီနော် “Dynamite Kiss” (2025)
ဇာတ်လမ်းပုံစံလေးကတော့ ——–
ဒီဒရာမာလေးထဲမှာ Gong Ji Hyeok နဲ့ Go Darimတို့ရဲ့ မတည့်အတူနေ အချစ်ဇာတ်လမ်းအပြင် Seon Uနဲ့ Ha Yeongတို့ရဲ့ တစ်ဖက်သက် အချစ်ဇာတ်လမ်းလေးကိုပါ ကြည့်ရမှာဖြစ်ပါတယ်။
Gong Ji Hyeok (Jang Ki Yong) ဆိုတဲ့ကောင်လေးဟာ ကလေးအသုံးအဆောင်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီရဲ့ အမွေဆက်ခံသူဖြစ်သလို အလုပ်နဲ့ပတ်သက်လာရင် တိကျပြတ်သားပြီး စည်းကမ်းကြီးသူတစ်ယောက်ပါ။
Go Darim(Ahn Eunjin) ဆိုတဲ့ ကောင်မလေးကတော့ မိသားစု စားဝတ်နေရေးအတွက် အမြဲတမ်းဝန်ထမ်းဖြစ်နိုင်ဖို့ ကလေးအမေအဖြစ် ဟန်ဆောင်ပြီး Gong Ji Hyeok တို့အဖွဲ့မှာ အလုပ်ဝင်လုပ်ခဲ့သူလေးပါ။
နောက်ပြီး Yoo Ha Yeong(Woo Davi) ကတော့ကုန်ပစ္စည်းဖြန့်ချီရေး ကုမ္ပဏီရဲ့ အငယ်ဆုံးသမီးလေးဖြစ်သလို Art hallမှာ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူပါ။ Kim Seon U(Kim Mu Jun) ဆိုတာကတော့ Single father ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူဟာ Go Darim နဲ့ အနှစ်၂၀ကျော် သိလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။
Gong Ji Hyeok နဲ့ Go Darim တို့နှစ်ယောက်သားဟာ အမှတ်မထင်တွေ့ဆုံခဲ့ရာကနေ နမ်းမိခဲ့တဲ့အခြေအနေအထိရောက်ခဲ့ကြပါတယ်။
Go Darim တစ်ယောက် အလုပ်ရဖို့အတွက် ကလေးအမေဟန်ဆောင်ကာ အလုပ်ဝင်ခဲ့သလို ကံကောင်းချင်တော့ အလုပ်ရသွားပြီး ကံဆိုးချင်တော့ အဖွဲ့မှူးက မတော်တဆ သူနမ်းခဲ့ဖူးတဲ့ Gong Ji Hyeok ဖြစ်နေပါတယ်။
Gong Ji Hyeok ကတော့ အိမ်ထောင်သည်အပြင် ကလေးပါရှိတဲ့ မိန်းကလေးက သူနဲ့နမ်းခဲ့တဲ့ဆိုတာကို သိသွားပြီး အစပိုင်းမှာတော့ Go Darim ကို အမြင်မကြည်ပေမယ့် တစ်ဖြည်းဖြည်း Darim အပေါ် ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါမှာတော့ …
အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်း SBS ကနေ ပြသပေးသွားမှာဖြစ်သလို Netflix ကနေလည်း ပြသပေးသွားမှာဖြစ်ပြီး စုစုပေါင်း အပိုင်း (၁၄) ပိုင်း ပါဝင်ထားပါတယ်။
ကြည့်ရန်ချန်နယ်