“Dear X” ရဲ့ ဇာတ်လမ်းက သမားရိုးကျ အချစ်ဇာတ်လမ်းတွေနဲ့ လုံးဝ ကွဲထွက်နေပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဝင်ရိုးကတော့ မင်းသမီး ကင်ယူဂျောင် သရုပ်ဆောင်မယ့် “ဘက်အာဂျင်” (Baek A-jin) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ အပြင်ပန်းမှာတော့ လူတိုင်းက ချစ်ခင်အားကျရတဲ့၊ ကြင်နာတတ်ပြီး ပြီးပြည့်စုံတဲ့ မင်းသမီးတစ်ယောက်အဖြစ် ပုံဖော်ထားပေမယ့်၊ သူ့ရဲ့အတွင်းစိတ် အမှန်တရားကတော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။
ဘက်အာဂျင်ဟာ တကယ်တော့ သူ့ရဲ့ လှပတဲ့ မျက်နှာဖုံးအောက်မှာ ကြောက်စရာကောင်းတဲ့ လျှိဝှက်ချက်တွေ၊ လူတွေကို ထိန်းချုပ်လိုစိတ်နဲ့ ရက်စက်မှုတွေကို ဖုံးကွယ်ထားတဲ့ (Antisocial Personality) စရိုက်ရှိသူ ဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကြားမှာ သူမရဲ့ တကယ့် ပင်ကိုယ်စရိုက်ကို ဖုံးကွယ်ရင်း နေထိုင်ခဲ့ပေမယ့်၊ တစ်နေ့မှာတော့ သူမရဲ့ အမှောင်ခြမ်းတွေက တဖြည်းဖြည်း ပေါ်ပေါက်လာပါတော့တယ်။
ဒီလို ရှုပ်ထွေးပြီး လျှိဝှက်ချက်များတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်လာသူကတော့ ကင်ယောင်းဒယ် သရုပ်ဆောင်မယ့် “ယွန်းဂျွန်ဆော့” (Yoon Jun-seo) ပါ။ သူကတော့ သူမရဲ့ အမှောင်ဘက်ခြမ်းကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူမကို နက်နက်ရှိင်းရှိင်း ချစ်မိသွားသူပါ။ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန် ချစ်သူတွေလို ချိုမြိန်မှာ မဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာ လွန်ဆွဲမှုတွေ၊ အန္တရာယ်များတဲ့ လှည့်ကွက်တွေနဲ့ ရင်တုန်စရာ အဖြစ်အပျက်တွေကြားက ဖြတ်သန်းရမယ့် “Dark Romance” တစ်ခု ဖြစ်လာမှာပါ။
သာယာလှပတဲ့ အချစ်ဇာတ်လမ်းတွေထက် ပရိသတ်ရဲ့ စိတ်ခံစားချက်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမယ့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှု (Psychological Thriller) နဲ့ အချစ်ဒရာမာကို ပေါင်းစပ်ထားတဲ့ “Dear X” ဟာ ၂၀၂၅ မှာ လက်လွတ်မခံသင့်တဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာဖို အသေအချာပါပဲ။