အပိုင်း 4 အထိ ရပါပြီ
October လအတွက် သည်းထိတ်ရင်ဖို၊ လျှိဝှက်ဆန်းကြယ်ဓာတ်ပါမယ့် BL ကားမျိုး လိုက်ရှာနေတဲ့ ပရိသတ်တိုအတွက် ဟောဒီ “Mystique In The Mirror” ဆိုတဲ့ Thriller Series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားရဲ့ ထိုင်းနာမည်က “မှန်ထဲမှာဘယ်သူလဲ” လို အဓိပ္ပါယ်ရပါတယ်။ ဘယ်သူ့ကိုပြောနေမှန်းသိချင်ရင်တော့ ဇာတ်လမ်းအညွှန်းလေးကို ဆက်ဖတ်ကြည့်ပါ။
ရိုးရှင်းတဲ့ Alan ဆိုတဲ့ကောင်လေးရဲ့ဘဝက ကြေးမုံပြင်ထက်ကို သူကြည့်မိတိုင်းပေါ်လာတဲ့ လူထူးဆန်းကြီးရဲ့ဝိညာဉ်ကြောင့် ကမောက်ကမဖြစ်ခဲ့ပါတယ်။
Alan ရဲ့ဖခင်ဟာ သားဖြစ်သူ သွေးလေခြောက်ခြား ထင်ယောင်ထင်မှားဖြစ်နေတယ်ဆိုပြီး သက်သာစေဖို Alan ကိုစိတ်ကျန်းမာရေးဆေးရုံပိုလိုက်ပါတော့တယ်။
ဆေးရုံမှာ Alan ဘေးအခန်းက Darwin ဆိုတဲ့ကောင်လေးနဲ့ဆုံရင်း သံယောဇဉ်တွယ်မိကြပါရော။ ဒီလိုနဲ့ Darwin ဆီကအကူအညီကိုယူပြီး Alan တစ်ယောက် ကြေးမုံထက်ကလူထူးဆန်းဝိညာဉ်ကြီးနဲ့သူ အတိတ်မှာဘာပတ်သက်မှရှိနေလဲသိရအောင် လိုက်ရှာပါတော့တယ်။
ဆေးရုံမှာကုပြီး အဖေ့ဆီပြန်မယ့် Alan များမကြာမီမှာပဲ စာရွက်စာတမ်းတစ်ခုကြောင့် သိလိုက်ရတာ သူ့ဖခင်ဖြစ်သူ ဆုံးပါးသွားတာ ကြာလှပါပြီတဲ့။
Alan နဲ့ သူမှန်ပေါ်မှာမြင်နေရတဲ့ ဝိညာဉ်ကြီးက ဘာပတ်သတ်မှုရှိနေလဲ။ တကယ်ပဲ သူထင်ယောင်ထင်မှားဖြစ်နေတာလား။ Darwin ကရော ရိုးရဲ့လား။ စိတ်ကျန်းမာရေးဆေးရုံမှာ Alan နဲ့ Darwin တွယ်မိတဲ့ကြိုးလေးရော ခိုင်မြဲပါ့မလား။
မြင်နေကျဇာတ်ကားပုံစံတွေနဲ့မတူဘဲ Psychology အနည်းငယ်ပါလို ထူးခြားတဲ့အရသာတစ်ခုဖြစ်တဲ့ Mystique In The Mirror Series ကို ကြည့်ရှုအားပေးကြပါဦး။