(ပထမ Season တုန်းက အမြဲစိတ်ကောက်တတ်တဲ့ Shun နဲ့ အမြဲတမ်းလိုက်ချော့နေရတဲ့ Dai တိုကြောင့် ရင်ခုန်ခဲ့ရတာ မှတ်မိကြဦးမှာပါ…)
Season 1 က နွေရာသီ ပင်လယ်ကမ်းခြေ အငွေ့အသက်ဆိုရင်၊ အခု Season 2 ကတော့ Hokkaido ရဲ့ ဆောင်းနှင်းဖြူဖြူဖုံးနေတဲ့ တောင်တန်းတွေကြားက အငွေ့အသက်လေးပါ…
>>>>>>>>>>>>>>
❄️ အပြင်မှာ အေးစိမ့်နေပေမယ့် “Green Room” လိုခေါ်တဲ့ သစ်လုံးအိမ်လေးထဲမှာ သူတိုတစ်ယောက်ကိုတစ်ယောက် နွေးထွေးအောင် ဘယ်လိုဖေးမကြမလဲ ???
❄️ ဒီ Show ရဲ့ ထူးခြားချက်နောက်တစ်ခုက အလျင်စလိုမနိုင်တာပါပဲ… အမျိုးသား(၁၀)ယောက်စလုံးက သစ်လုံးအိမ်လေးထဲမှာ အတူသွား၊ အတူစားရင်း ဖြတ်သန်းရမှာပါ…
❄️ ဒီShow ထဲက အမျိုးသား ၁၀ ယောက်ဟာလည်း တစ်ယောက်ရဲ့ စိတ်ဒဏ်ရာနဲ့ နောက်ခံသမိုင်းကြောင်းတွေကို တစ်ယောက်က တဖြည်းဖြည်းချင်း နားလည်ပေးရင်း ချစ်မိသွားကြတာကို မြင်တွေ့ရမှာပါ…
❄️ Peppermint အရောင် ကော်ဖီကားလေးပေါ်မှာ နှစ်ယောက်တစ်တွဲ အလုပ်လုပ်ရတဲ့ အချိန်တွေဟာ သူတိုအတွက် ပိုမိုနီးစပ်စေသလို….
Y တိုလို ကြည့်ရှုသူတွေအတွက်လည်း ဘယ်သူနဲ့ဘယ်သူက Chemistry ပိုမိသလဲဆိုတာ ခန့်မှန်းရတာ ရင်ခုန်စရာတစ်ခုပါပဲ…
Hokkaido ရဲ့ ဆောင်းနှင်းဖြူဖြူတွေကြားမှာ ရိုက်ကူးထားတဲ့ The Boyfriend (Season 2) ကတော့ (Season 1) တုန်းကလိုပဲ ရင်ခုန်စရာကောင်းပြီး ကြည့်ရှုသူတွေရဲ့ စိတ်ကို အေးချမ်းစေမယ့်(လောင်လည်းလောင်ရမယ့်) Reality Show တစ်ခုဖြစ်လာဦးမှာမို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…
Y…❄️💦