အလုပ်ရှာဖွေဖို စိတ်အားထက်သန်နေပေမဲ့ ကံတရားက သူ့ဘက်မပါခဲ့တဲ့အခါ ပင်ပန်းမှုဖြေတွေဖျောက်ဖို Burnout ဆိုတဲ့ဘားကိုသွားခဲ့တဲ့ ဂျီရာ….
သူ့ရဲ့ချောမောလှတဲ့ ရုပ်ရည်နဲ့ နှစ်သိမ့်ပေးနိုင်စွမ်းကြောင့် Burnoutဘားမှာ နာမည်ကြီးသူ အိုင်တီပညာရှင် ဖင်း….
လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပေမဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာမကြိုက်ဘဲ လူအများနဲ့ဆက်ဆံရမဲ့နေရာတွေမှာ ကိုယ်စားလွှတ်လေ့ရှိသူ ကော့….
ဂျီရာဟာ ဘားမှာ ဖင်းနဲ့တွေ့ဆုံပြီး သူ့ရဲ့အကြိုက်ပုံစံဖြစ်တဲ့ ဖင်းနဲ့ဖလစ်ခဲ့တဲ့အပြင် ကော့ကိုယ်စား အလုပ်လုပ်ပေးဖို လက်ခံပေးခဲ့တဲ့အချိန်ကစပြီး ဂျီရာရဲ့ဘဝ ဖရိုဖရဲပြဿနာပေါင်းစုံဖြစ်ပေါ်လာခဲ့ပါတယ်။
မောက်မာပြီး ချုပ်ချယ်တက်တဲ့ အလုပ်ရှင်နဲ့ သဘောကောင်းပြီး ကြင်နာတက်တဲ့ ကောင်လေးကြား လွန်ဆွဲမှုတွေဖြစ်ပေါ်လာတဲ့အခါ ဂျီရာရဲ့ရွေးချယ်မှုက ဘယ်လိုဖြစ်မလဲ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့ တင်းမာလှတဲ့အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခံစားဖို နိုဝင်ဘာလ ၂၆ရက်နေ့ကစတင်ပြီး အပတ်စဉ်ဗုဓ္ဒဟူးနေ့တိုင်း ကျွန်တော်တို BLSFLIX Channel မှာစောင့်မျှော်ကြည့်ရှူပေးကြပါဦး။