ဒီနေ့ညမှာတော့ 90s ခုနှစ်တွေကို ပြန်သွားကြရအောင်နော်
၁၉၉၇ ခုနှစ်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီးတော့ အထည်ကြီးပျက် သူဌေးသားလေးနဲ့ ရုံးဝန်ထမ်းစာရင်းကိုင်ကောင်မလေးတိုရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။
၁၉၉၇ ခုနှစ် IMF စီးပွားပျက်ကပ်ထဲမှာ ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ SME ကုမ္ပဏီ (Typhoon Company) ကို မိသားစုနဲ့ ဝန်ထမ်းတွေအတွက် ကာကွယ်ဖိုကြိုးစားမယ့် CEOလေးရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ
“King The Land” ထဲက Lee Jun Ho နဲ့ “Pachinko” ထဲက Kim Min Ha တိုအဓိကပါဝင်ထားကြတာဖြစ်ပြီး စုစုပေါင်း အပိုင်း (16) ပိုင်း ရှိပါတယ်။
ပြိုလဲတော့မဲ့ ကုမ္ပဏီကြီးကို ကယ်တင်ရင်း ဘယ်လိုတွေ ရိုမန်တစ်ဆန်ကြမလဲဆိုတာကတော့ ဒီနေ့ညကစလို Saturday & Sunday ညတွေတိုင်း စောင့်ကြည့်နိုင်ပါပြီနော်။