အပိုင်း ၁၀ ရပါပြီ
ဒီဇာတ်လမ်းက “A Fake Marriage, A True Romance” ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲ။ အကြောင်းကြောင်းကြောင့် အိမ်ထောင်အတုတစ်ခု တည်ဆောက်ဖို ဖြစ်လာတဲ့ လူနှစ်ယောက်ကြားကနေ အချစ်စစ်တွေ မွေးဖွားလာပုံကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်ကြည်နူးစရာကောင်းအောင် ရိုက်ကူးထားတာပါ။
တစ်ယောက်ကတော့ ကိုယ်ပိုင်အကြောင်းပြချက်တွေကြောင့် လက်ထပ်ဖို လိုအပ်နေပြီး၊ နောက်တစ်ယောက်ကလည်း အခြေအနေအရ ဒီအိမ်ထောင်အတုကို လက်ခံခဲ့ရတယ်။ အစပိုင်းမှာတော့ စာချုပ်တစ်ခုအရ အတူနေထိုင်ကြရင်း တစ်ယောက်နဲ့တစ်ယောက် မတည့်အတူနေပုံစံမျိုးနဲ့ ဟာသဆန်ဆန်လေးတွေ ပြဿနာလေးတွေနဲ့ ကြုံတွေ့ရမှာပါ။
ဒါပေမယ့် အတူတူ အချိန်တွေကုန်ဆုံးလာတဲ့အခါ၊ အချင်းချင်းရဲ့ အားနည်းချက်တွေ၊ ကောင်းတဲ့အချက်တွေကို မြင်တွေ့လာရပြီး မထင်မှတ်ဘဲ သံယောဇဉ်တွေဖြစ်၊ ရင်ခုန်သံတွေက အစစ်အမှန်ဖြစ်လာတဲ့အခါမှာတော့… သူတိုရဲ့ အိမ်ထောင်အတုလေးက အချစ်စစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးအဖြစ် ပြောင်းလဲနိုင်မလားဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။