(ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ဘယ်လိုမျိုးပုံဖော်ကြလဲ
ပေးဆပ်ခြင်းနဲ့ သတ်မှတ်လား
ရယူခြင်းနဲ့သတ်မှတ်လား…)
Han Jae-hoon ကတော့ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ နာကျင်မှုတွေကို အေးစက်တဲ့ ပုံစံနောက်မှာ ဖုံးကွယ်ထားတဲ့သူတစ်ယောက်ပါ…
Kim Hae-jun ကတော့ မိခင်ရဲ့ ဆေးဖိုးနဲ့ ကျူရှင်စရိတ်တွေနဲ့ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ပိုက်ဆံ အရမ်းလိုအပ်နေတဲ့ အနုပညာကျောင်းသားတစ်ယောက်ပါ…
Han Jae-hoon နဲ့ Kim Hae-jun တိုဟာ ပင်လယ်နားက ဗီလာတစ်လုံးမှာ တွေ့ဆုံခဲ့ကြပြီး …
.
ငွေကြေးအရ လိုအပ်ချက်ကြောင့် ချုပ်ဆိုလိုက်တဲ့ စာချုပ်တစ်ခု နဲ့ ချည်နှောင်သွားခဲ့ကြပါတယ်…
ဒီလို အရောင်းအဝယ်ဆန်တဲ့ ဆက်ဆံရေးကနေ စတင်ခဲ့ပေမယ့်အတူတူ နေထိုင်ရင်း၊ တစ်ဦးကိုတစ်ဦး ဂရုစိုက်မှုတွေကနေ တစ်ဖြည်းဖြည်း နူးညံ့တဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာပါတော့တယ်….
စာချုပ်စည်းမျဉ်းတွေက သူတိုရဲ့ နှလုံးသားတွေကို ကာကွယ်ထားသလို ဖြစ်နေပေမယ့် လျှိဝှက်ချက်တွေ ပေါ်လာပြီး စိတ်ခံစားမှုတွေက လှိင်းလုံးလို တက်လာတဲ့အခါ…
••• သူတိုနှစ်ယောက်ဟာ စာချုပ်စည်းကမ်းတွေအောက်မှာပဲ ဆက်ရှိနေမလား၊ ဒါမှမဟုတ် လွတ်လပ်စွာ ချစ်ဖို ရဲရဲဝံ့ဝံ့ ရွေးချယ်မလားဆိုတာကို BLSFLIX Channel ကနေ အူယားစရာကောင်းတဲ့ ဇာတ်လမ်းလေးကို စောင့်ကြည့်ပေးကြပါဦးနော်…
Y..🌊