တစ်နှစ်တစ်ခါသာပေါ်လာတတ်တဲ့ အက်ရှင်ကားမျိုး!
တစ်ခါရိုက်တစ်ခါအောင်မြင်တဲ့ One31 က ထုတ်လုပ်တာမျိုး!
ရိုက်သမျှကားတိုင်းပေါက်တဲ့ DaouOffroad လို မှော်ဝင်အတွဲမျိုး!
သမာသမတ်ရှိပြီး တာဝန်ကျေစိတ်အပြည့်နဲ့ ရဲအရာရှိ Than ဟာ
ဆွဲဆောင်မှုရှိပြီး ဉာဏ်များတတ်တဲ့ ဆေးရုံအုပ်ရဲ့သား Pheem ကို
ကိုယ်ရံတော်သဖွယ် စောင့်ရှောက်ပေးရမယ်တဲ့။
ဆေးရုံဖွင့်ပွဲနေ့မှာ Pheem လုပ်ကြံခံရတာကို
Than ကယ်တင်လိုက်ချိန်ကစပြီး
ဒီတာဝန်ဟာ သာမန်အလုပ်တစ်ခုမဟုတ်တော့ဘဲ
လျှိဝှက်ချက်တွေ ညစ်ပတ်မှုတွေနဲ့ ကစားပွဲကြီးဖြစ်သွားတော့တယ်။
အကြည့်တိုင်း အထိအတွေ့တိုင်းမှာ
Than ရဲ့အနွေးဓာတ်တွေ ဟာသဉာဏ်တွေကြောင့်
Pheem ရဲ့အေးစက်စက်မျက်နှာဖုံးက အရည်ပျော်ကျလာလောက်လား?
အာဏာနဲ့ အလိုရမ္မက်တို အားပြိုင်မှုမှာ
သစ္စာတရားတွေ နှလုံးသားတွေ
ဘယ်လိုအစမ်းသပ်ခံရမလဲ?
အန္တရာယ်တွေဝိုင်းနေတဲ့ အမွေလုပွဲကြီးမှာ
နှစ်ယောက်သားရဲ့ ကံကြမ္မာက
ကြိုးတန်းပေါ်က ဂိမ်းတစ်ခုလိုဖြစ်လာတော့မှာလား…?
နာမည်ကြီးမင်းသားမင်းသမီးချောများနဲ့
ဒီနှစ်ရဲ့လူပြောအများဆုံးဖြစ်လာဦးမဲ့ “The Wicked Game” ပါ။