The Fabulous

Ended 1 Seasons - 8 Episodes
  • Original title: 더 패뷸러스
  • In Production: No
  • First air date: 23-12-2022
  • Last air date: 23-12-2022
  • Genre: Comedy, Drama
  • Rating: 0 votes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

56m 2022 64 views

Background

“Fashion Industry မှာ ဘဝကို နစ်မြှပ်ရင်း ရုန်းကန်နေရတဲ့ လူငယ်လေးတွေရဲ့ အိပ်မက်တွေ ချစ်ခြင်းမေတ္တာတွေနဲ့ ခင်မင်ရင်းနှီးမှုတွေကို ပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် The Fabulous”

Cast တွေအနေနဲ့ကတော့ SHINee အဖွဲ့ဝင် Choi Min Ho နဲ့ စက်ရုပ်မလေးအဖြစ် လူသိများတဲ့ Chae Soo Bin တို့က ပါဝင်သရုပ်ထားပါတယ်။

Ji Woo-Min (Minho) ကတော့ ဓာတ်ပုံတွေကို ပိုကြည့်ကောင်း​အောင်လုပ်တဲ့ အလွတ်တမ်း Retoucher/ Photographer တစ်ယောက်ပါ။ Woo-Min ကကြည့်ကောင်းပြီး အလုပ်မှာ အရည်ချင်းရှိသလောက် “အချစ်”မှာတော့ လုံးဝစိတ်မဝင်စားသူပါ။ Woo Min က Ji Eun နဲ့ အချစ်နဲ့လည်းမဟုတ် အလုပ်နဲ့လည်း မဟုတ်တဲ့ ရင်းနှီးမှုကို ကျော်ဖြတ်ပြီး တင်းမာမှုတွေရှိတဲ့ ဆက်ဆံရေးကို စတင်ခဲ့သူမို့ အိပ်မက်တွေနဲ့ အချစ်ကို သဘောပေါက်လာရင်း ရင့်ကျက်လာမယ့် လူငယ်လေးတစ်ယောက်ပါ။

Pyo Ji-Eun (Chae Soo-Bin) ကတော့ ငယ်ငယ်ကတည်းက လှပတဲ့ အရာတွေကို နှစ်သက်ပြီး ဖက်ရှင်လောကမှာ အလုပ်လုပ်ဖို့ကို အိပ်မက်ရှိခဲ့တဲ့သူပါ။ အခုလည်း Ji Eun က Luxury Brand တစ်ခုရဲ့ အရောင်းမြှင့်တင်ရေးငှါနမှာ အကြီးပိုင်းရာထူးနဲ့ အလုပ်လုပ်နေသူပါ။ Fashion field မှာ အလုပ်လုပ်ကိုင်နေတဲ့တစ်ချိန်လုံး သူရဲ့ တောက်ပတဲ့ ပင်ကိုစရိုက်နဲ့ အကောင်းမြင်တတ်တဲ့ စွမ်းအားလေးကို ထိန်းသိန်းရင်း နေနေရသူပါပဲ။

Joseph (Lee Sang-Woon) ကတော့ Fashion Brand ‘Mr.  Joseph ရဲ့ ဒီဇိုင်နာတစ်ယောက်ပါ။ နူးညံ့သိမ်မွေ့ အနုပညာဆန်ပြီး ဆွဲတောင်မှုရှိတဲ့သူတစ်ဦးပါ။ Woo Min ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပါ။

ဒီလိုမျိုး Fashion Industry ပိုင်းမှာ အိပ်မက်တွေနောက်လိုက်တတ်တဲ့လူငယ်လေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ သဘောသဘာဝတွေကို အချစ်ဟာသ ဇာတ်နှော Rom-Com အဖြစ် ပုံဖော်ရိုက်ကူးထားတာမို့ Fashion ပိုင်းကို စိတ်ဝင်စားတဲ့သူတွေအပြင် Minho ရဲ့ အကြာကြီးနေမှ Cameback တဲ့ ဇာတ်ကားမို့ မလွှတ်တမ်းကြည့်ရှု့သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ The Fabulous ကို Dec 23 ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အပိုင်းအနေနဲ့ကတော့ စုစုပေါင်း ၈ ပိုင်း ပါဝင်ပါတယ်။

https://t.me/blsflixchannel2