Shindo Academy လိုအမည်တွင်ပြီး၊ တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ကျောင်းတော်ကြီးတစ်ခု…
တစ်ချိန်က မင်းမျိုးမင်းနွယ်၊ တော်ဝင်မျိုးနွယ် မိသားစုတွေရဲ့ သားယောကျ်ားလေးဖြစ်သူတွေသာ တက်ရောက်ခွင့်ရှိတဲ့ကျောင်းတော်ကြီး….
အချိန်တစ်ခုကြာလာတာနဲ့အမျှ
အယူအဆတွေပြောင်းလဲကုန်ပြီး
မင်းမျိုးမင်းနွယ် အငွေ့အသက်တွေ တဖြေးဖြေး မှေးမှိန်လာခဲ့ပါတယ်…
လူချမ်းသာမိသားစုကနေ မွေးဖွားလာပြီး အမေရိကားကနေ ကျောင်းပြောင်းလာတဲ့ သူဌေးသားလေး Saki Giichi (Gii) ….
အတန်းလည်းတူ၊ အခန်းဖော်လည်းဖြစ်နေတော့….သူဌေးသားလေးနဲ့အတူတူရှိနေတဲ့အတွက် လူအများရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ သာမန်ဒုတိယနှစ်ကျောင်းသားလေး Hayama Takumi …
မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတစ်ခုရှိပါသေးတယ်..
တကယ်တော့ Takami နဲ့ Gii တိုက လျှိဝှက်ပြီးတွဲနေကြတဲ့ ချစ်သူတွေပါ !!!
လျှိဝှက်ပြီး တိတ်တိတ်လေးပဲ တွဲချင်တဲ့ Takamiနဲ့…
လူသိရှင်ကြား ထုတ်ဖော်ပြီး လူအများရှေ့မှာ ချစ်ချင်တဲ့ Gii…
အချစ်ဇာတ်လမ်းသပ်သပ်မဟုတ်ဘဲ ကျောင်းသားတွေရဲ့ ပြိုင်ဆိုင်လိုမှု၊ အချစ်၊ အမုန်း၊ မနာလိုမှု၊ စိတ်ခံစားချက်တွေပါ ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါနော်…
Main Couple အတွဲအပြင် Side Couple အတွဲ (၃) တွဲကိုပါ တစ်ဝကြီး ကြည့်ရှုရဦးမှာမို BLSFLIX Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…
Y..🌿