မြန်မာပရိသတ်တွေကြား စွမ်းအားရှင်ကောင်မလေး ဒိုဘုံဆွန်းလို လူသိများခဲ့တဲ့ Strong Girl Bong-Soon ဇာတ်လမ်းလေးရဲ့အဆက်ဖြစ်တဲ့ Strong Girl Nam-Soon ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ ဂန်နမ်ဆွန်းဆိုတဲ့ စွမ်းအားရှင်ကောင်မလေးတစ်ယောက်က ပျောက်ဆုံးသွားတဲ့မိဘတွေကိုရှာဖို ဂန်နမ်မြိုလေးကိုရောက်လာပါတယ်။ဒီလိုနဲ့ အမေဖြစ်သူနဲ့ အဘွားဖြစ်သူတိုကိုရှာတွေ့ခဲ့ပြီး မိသားစုပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။အမေဖြစ်သူနဲ့အဘွားဖြစ်သူကလည်း သူ့လိုပဲစွမ်းအားရှိတဲ့သူတွေပါ။တစ်နေ့ မူးယစ်ရောင်းဝယ်မှုတစ်ခုနဲ့ ပတ်သက်မိခဲ့ရာကနေ စုံထောက်ဂန်ဟီးရှစ်နဲ့ ဘယ်လိုပူးပေါင်းပြီး ဖော်ထုတ်သွားမလဲဆိုတာကတော့ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ခေါင်းဆောင်မင်းသမီးက All of Us Are Dead,Squid Game တိုမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lee Yoo-Mi ဖြစ်ပြီးတော့ မင်းသမီးကြီး Kim Hae-Sook လည်းပါဝင်ထားပါတယ်။အပတ်စဉ် စနေနဲ့တနင်္ဂနွေနေ့တွေမှာ BLSFLIX Channel ကနေတင်ဆက်ပေးမှာဖြစ်လို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။