အချစ်ဆိုတာ တစ်ခါတစ်လေ ရုတ်တရက် ရောက်လာတတ်သလို၊ တစ်ခါတစ်လေမှာတော့ အချိန်အကြာကြီး အတူရှိနေရင်းကနေ တဖြည်းဖြည်းချင်း ပုံဖော်ထုဆစ်ယူရတာမျိုးပါ…
ဘဝရဲ့ အမှောင်ဆုံး အချိန်တွေကို အလင်းပေးဖို လူတစ်ယောက်ပဲ လိုအပ်ပါတယ်…
ဇာတ်လမ်းအကျဥ်း
<<<<<<<<<<<<<<<<
Lin Qiu Su ကတော့ မြင်ရုံနဲ့တင် အေးစက်စက် အကိုကြီးပုံစံမျိုးဖြစ်ပြီး စကားသိပ်မပြောပေမဲ့ သူ့ရဲ့ အကြည့်တွေကတစ်ဆင့် ခံစားချက်တွေကို ဖော်ပြတတ်သူပါ…
Guang Li ကတော့ နာမည်နဲ့လိုက်အောင်ပဲ တောက်ပနေပြီး နွေးထွေးတဲ့သူတစ်ယောက်ပါ…
Lin Qiu Su ရဲ့ဘဝမှာ Guang Li အလင်းတန်းလေး ရောက်လာတဲ့အခါမှာတော့ သူတိုနှစ်ယောက်ရဲ့ ကမ္ဘာလေးဟာ ဘယ်လိုတွေ စပြီးပြောင်းလဲလာမလဲ … ???
“Sculpted Light” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ အဲဒီလို နွေးထွေးတဲ့ အချစ်အကြောင်းကို ရုပ်ရှင်ဆန်ဆန်လေး ပုံဖော်ထားတာပဲ ဖြစ်ပါတယ်
————————————————–
တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်း၊ တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က ကုစားပေးရင်းနဲ့ ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးက BLSFLIX Channel ရဲ့ ကြည့်ရှုသူတွေကို အေးချမ်းတဲ့ ခံစားချက် ပေးစွမ်းနိုင်မှာပါ
Y…✨