Hospital Playlist ထဲက ကပ်စေးနဲမင်းသားကြီး Jung Kyung-ho ကို လွမ်းနေကြပြီလား? 👨⚕️➡️👨⚖️ ဒီတစ်ခါတော့ ဆရာဝန်ဂျူနီယာလေးတွေကို ဆူပူကြိမ်းမောင်းတဲ့ ကာရိုက်တာ မဟုတ်တော့ဘဲ၊ ဘဝအမြင့်ဆုံး တရားသူကြီးနေရာကနေ အကြောင်းအမျိုးမျိုးကြောင့် “Pro Bono” (အကျိုးဆောင် ရှေ့နေ) အဖြစ် ဘဝပြောင်းသွားတဲ့ ဇာတ်ရုပ်သစ်နဲ့ ပြန်လာပါပြီ!
Kang David (Jung Kyung-ho) ဆိုတာ အောင်မြင်မှု၊ ငွေကြေးနဲ့ ဂုဏ်ဒြပ်ကိုပဲ ခုံမင်တဲ့ တရားသူကြီးတစ်ယောက်။ ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခုကြောင့် သူ့မှာရှိတာတွေ အကုန်ဆုံးရှုးပြီး အများပြည်သူအကျိုးပြု ရှေ့နေ (Public Interest Lawyer) အဖြစ် အောက်ခြေကနေ ပြန်စရပါတော့တယ်။
သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်မယ့်သူကတော့ Park Gi-ppeum (So Joo-yeon) ပါ။ တရားမျှတမှုဆိုတာ အသက်မွေးဝမ်းကျောင်းထက် ပိုတယ်လို ယုံကြည်ထားတဲ့ စိတ်ဓာတ်ခဲလေးပေါ့။ ငွေမက်တဲ့ တရားသူကြီးဟောင်းနဲ့ တရားမျှတမှုကိုချစ်တဲ့ ရှေ့နေမလေးတို ပူးပေါင်းမိတဲ့အခါ ဘယ်လို အလွဲအချော်တွေ၊ ရယ်မောစရာတွေ ဖြစ်လာမလဲ? 😂