My Sweet Dear


- Original title: 마이스윗디어
- In Production: Yes
- First air date: 21-10-2021
- Last air date: 11-11-2021
- Genre: Drama
- Rating: 0 votes



Yoon Do Gun ကတော့ အရည်အချင်းပြည့်ဝပြီး Laura Dining ဆိုတဲ့လူအများချီးကျူးခံနေရတဲ့ စားသောက်ဆိုင်ရဲ့ နောက်ကွယ်က စားဖိုမှူးတစ်ယောက်ပါ။
Yoon Do Gun ကLaura Dining ကို ကိုရီးယားထိပ်တန်းနာမည်ကြီးစားသောက်ဆိုင်ဖြစ်ဖို ကြိုးစားခဲ့ပေမဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူနဲ့ ဦးတည်ချက်ကွဲလဲခဲ့ပါတယ်။
ဆိုင်ရှင်က ဆိုင်မှာလူကြိုက်များတဲ့ မီနူးတွေနဲ့ပြည့်နှက်စေချင်ခဲ့ပေမဲ့ Yoon Do Gun ကတော့ အသစ်အဆန်းတွေ ထီထွင်ကြည့်ချင်ခဲ့ပါတယ်။
ဆိုင်ပိုင်ရှင်က Choi Jung Woo ကိုအတူတူချက်ပြုတ်ဖို ငှားတဲ့အချိန်မှာတော့ ကိစ္စတွေပိုပြင်းထန်လာပါတယ်။ နောက်မှရောက်လာတဲ့သူက ကိုယ်ပိုင်အရည်အချင်းရှိပေမဲ့ ကိုယ်ပိုင်ဟင်းလျာဖန်တီးဖိုထက် သူများဟင်းပွဲတွေကို အတုခိုးလုပ်တဲ့နေရာတာပဲဖြစ်ပါတယ်။
မတည့်တဲ့ဆက်ဆံရေးကနေ စတင်ခဲ့တဲ့ စားဖိုမှူးနှစ်ယောက် တစ်ယောက်အ ကြောင်းတစ်ယောက် နားလည်လာတဲ့အချိန်မှာတော့ အစပိုင်းနဲ့မတူတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခု အစပျိုးလာပါတယ်။
မီးဖိုချောင်လေးထဲက အပူရှိန်တက်လာတာနဲ့အမျှ နှစ်ယောက်သားပြိုင်ဆိုင်မှုကနေ အချစ်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲသွားနိုင်မလား…
ဆိုတာကို ဒီ My Sweet Dear ဆိုတဲ့ series လေးထဲမှာ ကြည့်ရှုခံစားနိုင်ပါတယ်။