“အမြဲတမ်း ကံဆိုးတဲ့ ဘဝကနေ ရုတ်တရက် ဘီလျံနာဖြစ်လာသူ”
ကံဆိုးမိုးမှောင် အမြဲကျတတ်သူ Phopthorn က တစ်ညအတွင်းမှာပဲ ဘီလျံနာကြီး Apo ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်နိုးထလာခဲ့ပါတယ် !!!!
ဆင်းရဲဒုက္ခတွေနဲ့ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဟာ ပိုက်ဆံပုံပေါ် ထိုင်နေရတဲ့ ဘီလျံနာတစ်ယောက်ဖြစ်လာတဲ့အခါ သူ့ရဲ့ မိုက်မဲရူးသွပ်တဲ့ အကျင့်စရိုက်တွေနဲ့ ဒီဘဝသစ်ကို ဘယ်လို ပေါင်းစပ်ပြီး စွန့်စားသွားမလဲ….
“အတွေးတွေကို စိတ်နဲ့ဖတ်နိုင်တဲ့ ခန့်ညားသူနဲ့ စေ့စပ်ခြင်း”
ဒီဘဝအသစ်မှာ Apo တစ်ယောက်ချောမောခန့်ညားပြီး အသေးစိတ်ကအစ စည်းကမ်းကြီးတဲ့ Mom Rajawongse Suriya နဲ့ စေ့စပ်ထားသူဖြစ်နေခဲ့ပါတယ်…
ပိုပြီး ရှုပ်ထွေးသွားစေတဲ့အရာကတော့ Khun Chai Suriya ဟာ လူတစ်ယောက်ရဲ့ စိတ်ထဲက အတွေးတွေကို အကုန်ဖတ်နိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားသူဖြစ်နေတာပါပဲ…
“လျှိဝှက်ချက်တွေနဲ့ဟန်ဆောင်မင်္ဂလာပွဲ”
သပ်ရပ်ခန့်ညားလွန်းတဲ့ Khun Chai Suriya က Apo ရဲ့ ရူးသွပ်ပြီး ထိန်းမရတဲ့ အတွေးတွေကို ဖတ်လိုက်မိတဲ့အခါ ဘယ်လို တုန်လှုပ်ဖွယ်ရာတွေ ကြုံရမလဲ?
ဒီလို လုံးဝကွဲပြားတဲ့ လူနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့ ဟန်ဆောင်မင်္ဂလာပွဲ တစ်ခု ကရော ဘယ်လောက်အထိ အဆင်ပြေနိုင်ပါ့မလဲ…?
အချစ်၊ မိုက်မဲမှုနဲ့ လျှိဝှက်ချက်တွေပြည့်နှက်နေတဲ့ ဒီ BL ဇာတ်လမ်းက ဘယ်လို အလှည့်အပြောင်းတွေနဲ့ အဆုံးသတ်မလဲဆိုတာ BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်..