ဒီထက်ပိုပြီး စိတ်ကူးယဉ်လိုကောင်းတာမျိုး
စိတ်လှုပ်ရှားဖိုကောင်းတာမျိုး မရှိနိုင်တော့တဲ့
Contrast & Connection အပြည့်နဲ့ “Me and Thee”
Trailer နဲ့တင် ဂေးကြိုက်မောင်မယ်တွေ ရူးလိုရပါပြီ။
နူးနူးညံ့ညံ့ ဓာတ်ပုံဆရာလေး”Peach”နဲ့
မိမိမိုက်မိုက် မာဖီးယားကြီး”Thee”ကို
Fic ထဲကထွက်လာသလို အကောင်လိုက်မြင်ရတာလေနော်။
အရာရာကို ပိုက်ဆံနဲ့ပေါက်ဝယ်နိုင်တဲ့ Thee ကို
ပိုက်ဆံနဲ့ဝယ်မရတဲ့ မေတ္တာဓာတ်တွေအကြောင်း
ချစ်ဖိုကောင်းအောင် သရုပ်ပြပေးသွားမှာကတော့
ကျွန်တော့်ကောင်လေး Peach ပါ :3
ကျွန်တော့်ကောင်လေးဘဝက သနားစရာပါ 🙁
မာဖီးယားကြီးကို ရည်းစားလိုက်နည်းသင်ပေးရင်းက
ဇာတ်ကားထဲကစာသားတွေနဲ့ ပြန်အချုပ်ခံလိုက်ရတယ်လေ။
ပထမဆုံးအကြိမ် အချစ်ကိုထိတွေ့ဖူးတော့မဲ့သူနဲ့
အချစ်တစ်ခုကြောင့် အရဲစွန့်ရတော့မဲ့သူဆိုတော့လည်း
လမ်းခရီးက မင်းသားတွေလောက် မချောနိုင်ပြန်ဘူး။
Trailer ကြည့်ပြီး ဘယ်ဇာတ်ဝင်ခန်းကို မျှော်လင့်နေကြပြီလဲ?
ဘယ်အခန်းပဲနေနေ ကြည့်ရတာတန်နေမှာဗျ။
ရှယ် Brand တွေနဲ့ Budget ရှယ်သုံးထားတဲ့အပြင်
PondPhuwin, Est, PerthSanta အမိုက်ဆုံးတွေစုနေတာလေ 😉
Synopsis – M2k