(ဒီတစ်ခါတော့ ရေသူထီးလေးနဲ့အတူ စိတ်ကူးယဥ်ဆန်ဆန်ဇာတ်လမ်းလေးထဲ သွားလိုက်ရအောင်)
အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Phu Phurit ရဲ့ နွေဦးနေ့ရက်တွေက ပင်လယ်အနီးနားက ကျွန်းလေးပေါ်မှာ အချိန်ကုန်ဆုံးဖို ဖြစ်လာခဲ့ပါတယ်…🌊
“Full and a Half” လိုခေါ်တဲ့ ပင်လယ်ပုံစံငယ်ဘားကို စောင့်ရှောက်ဖိုအတွက် သူငယ်ချင်းဖြစ်သူ Phana နဲ့အတူ ရောက်ရှိလာတဲ့ Phu Phurit….
ပင်လယ်ရဲ့ အသံတွေနဲ့အတူ Phu Phurit နေထိုင်တဲ့ နေရာလေးမှာ ထင်မှတ်မထားဘဲ သူ့မျက်လုံးကို အကြိမ်ပေါင်းများစွာ ဖမ်းစားဆွဲဆောင်သွားတဲ့ မျက်နှာလှလှလေး …🌊
အဲဒီ မျက်နှာလှလှလေးနောက် ကွယ်မှာ ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားတဲ့လျှိဝှက် အမှန်တရားတစ်ခုကတော့ …🌊
“မိဘမဲ့ဖြစ်နေပြီး ကျန်နေခဲ့တဲ့ Marman (ရေသူထီး) လေး ဖြစ်နေခဲ့တယ်…”
ပင်လယ်ရဲ့အလှ….
ညရဲ့လျှိဝှက်မှုတွေကြား….
မျိုးနွယ်မတူတဲ့လူနှစ်ဦးရဲ့ဆုံစည်းမှု နဲ့ အတူ အချစ်ဆိုတဲ့ ခံစားချက်က ဆန်းကြယ်တဲ့ လှိင်းလုံးကြီးတွေလို အနက်ရှိင်းဆုံးရောက်တဲ့အထိ ဝင်ရောက်တိုက်ခိုက်လာခဲ့ပါတယ်…🌊
ချစ်ခြင်းနဲ့ အံ့ဩမှုစရာတွေပြည့်နေတဲ့ ဒီဆုံဆည်းမှုမှာ သူတိုနှစ်ဦးဟာ ကိုယ့်နှလုံးသားကို အပြန်အလှန် စစ်မှန်စွာ ယုံကြည်နိုင်မလား? 🐳
မတူညီတဲ့ မျိုးနွယ်နှစ်ခုကြားမှာ ချစ်ခြင်းမေတ္တာတွေက ပေါင်းစည်းသွားမလား…
ဝမ်းနည်းစွာနဲ့ ခွဲခွာလိုက်ရမလား..💫
စိတ်ကူးယဥ်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်ပြီး တစ်ခါမှမကြည့်ဖူးသေးတဲ့ ပုံစံလေးဆိုတော့ BLSFLIX Channel လေးကနေ သေချာပေါက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်