Lotus Flower Fairy

Returning Series 1 Seasons - 1 Episodes
  • Original title: 왕꽃 선녀님
  • In Production: Yes
  • First air date: 07-06-2004
  • Last air date: 07-06-2004
  • Genre: Uncategorized
  • Directors: Im Sung-han
  • Rating: 5.0 1 votes
1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading...

m 2004 39 views

Background

၉၀ဖွားတွေ အမြဲတမ်းတောင်းဆိုတတ်ကြတဲ့ ချိုဝမ်ဆိုတဲ့နတ်ဆရာမလေးရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ Heaven’s Fate လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အရင်အချိန်တွေတုန်းက မြဝတီမှာ ည ၇နာရီထိုးတာနဲ့ တီဗွီရှေ့မှာ အမြဲတမ်းစောင့်ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးမှာရိုက်ကူးတင်ဆက်ပေးထားတဲ့အကြောင်းအရာက ကံကြမ္မာဆိုတဲ့အရာက ဘဝရဲ့ အလှည့်အပြောင်းတွေကြားမှာ ဘယ်လိုဖြစ်တည်ပြီးတော့ အဲဒီကံကြမ္မာကို ကျော်လွှားနိုင်ဖို့ အချစ်တွေ ပေးဆပ်မှုတွေနဲ့ရှင်သန်ခဲ့ရတဲ့ နတ်ဆရာမလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။Cho-Won ဆိုတဲ့ မိန်းကလေးတစ်ယောက်က နိုင်ငံခြားမှာကျောင်းတက်ပြီးပြန်လာတဲ့ Jung-Soo နဲ့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ စေ့စပ်လမ်းကြောင်းခဲ့ပါတယ်။ဒီလိုနဲ့ သာယာလှပတဲ့အိမ်ထောင်ရေးတစ်ခုကို မျှော်လင့်နေတဲ့ Cho-Won တစ်ယောက် တစ်ရက် နိုက်ကလပ်ကအပြန်မှာ သတိမေ့လဲသွားပါတယ်။အဲဒီနောက်ပိုင်း သူ့ရဲ့ရောဂါလက္ခဏာတွေဟာ ထူးခြားနေတာကိုသိရှိသွားပြီး နတ်ဆရာမ Yong-Hwa ဆီမှာ သူ့ရဲ့အခြေအနေတွေကိုပြောပြလိုက်ပါတယ်။အဲဒီလိုကနေ သူဟာ နတ်ဆရာမတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာကို သိရှိသွားပြီး မိသားစုအတွက်အရှက်ရစရာဖြစ်မှာစိုးလို့ အိမ်ထောင်စုစာရင်းကနေ ထုတ်ပယ်ခံရသလို စေ့စပ်ထားသူနဲ့ပါ ပယ်ဖျက်ခံလိုက်ရပါတယ်။ဒီလိုနဲ့ နေ့ချင်းညချင်းဆိုသလို ချစ်မြတ်နိုးရတဲ့အရာအားလုံးဆုံးရှုံးလိုက်ရတဲ့ Cho-Won တစ်ယောက်ကံကြမ္မာအလှည့်အပြောင်းတွေကြားမှာ ဘယ်လိုမျိုးရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Season 1
1 Image Lotus Flower Fairy 1x1 12004