“Squid Game ကို Samurai ခေတ်ရောက်သွားရင် ဘယ်လိုနေမလဲ?” ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ဒီနေ့ထွက်လာတဲ့ Last Samurai Standing (Ikusagami) ပါပဲ။ ဂျပန်ရဲ့ နာမည်ကျော် မင်းသားကြီး Junichi Okada ကိုယ်တိုင် ဦးစီးထားပြီး Production Quality အမြင့်စားနဲ့ တင်ဆက်ထားတဲ့ စီးရီးသစ်ပါ။
အချိန်ကာလက ၁၈၇၈ ခုနှစ် (Meiji ခေတ်)။ ဆာမူရိုင်းတွေ ခေတ်ကုန်သွားပြီး ဓားကိုင်ခွင့်ပိတ်ပင်ခံထားရတဲ့ ကာလပါ။ ဒီအချိန်မှာပဲ… နိုင်ငံအနှံ့က ကျွမ်းကျင်တဲ့ စစ်သည်တော် (၂၉၂) ယောက်ဟာ ကျိုတိုမြို့က Tenryuji ကျောင်းတော်ကြီးမှာ စုဝေးလာကြတယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ ဆုကြေးငွေ “ယန်း ဘီလီယံ ၁၀၀” ကို ရယူဖို့ပါပဲ။
ဒါပေမဲ့ စည်းကမ်းက ရက်စက်ပါတယ်။ “ကိုဒေါကု (Kodoku)” လို့ခေါ်တဲ့ ဒီပြိုင်ပွဲမှာ ပြိုင်ဘက်တွေရဲ့ သစ်သားတံဆိပ်ပြားကို လုယူပြီး တိုကျိုမြို့အထိ အရောက်သွားရမှာပါ။ လမ်းတစ်လျှောက်မှာ အသေအကြေ တိုက်ခိုက်ရမယ့် Battle Royale ပွဲကြီး စတင်ပါတော့တယ်။ မင်းသား Junichi Okada ကတော့ ဖျားနာနေတဲ့ မိန်းမနဲ့ ကလေးကို ကုသဖို့ ပိုက်ဆံလိုနေတဲ့ ဆာမူရိုင်းတစ်ယောက်အနေနဲ့ ဒီပွဲကို ဝင်နွှဲပါလိမ့်မယ်။
“Last Samurai Standing” ဟာ သွေးထွက်သံယိုများတဲ့ ဓားရေးပြိုင်ပွဲတစ်ခုတည်း မဟုတ်ပါဘူး။ ခေတ်စနစ်တစ်ခု ပြောင်းလဲသွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှု တိုက်ပွဲလည်း ဖြစ်ပါတယ်။
ဒီနေ့ပဲ ထွက်ရှိတာမို့ လက်မနှေးဘဲ တန်းကြည့်သင့်တဲ့ စီးရီးတစ်ခုပါ!
ကြည့်ရန်ချန်နယ်