ဒီဇာတ်လမ်းလေးက လူဆိုးလေးနဲ့ ကျူရှင်ဆရာလေးကြားက ချစ်စရာကောင်းတဲ့ သံယောဇဉ်နဲ့ ပြောင်းလဲလာပုံကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို တကယ်ကို ကြည့်လိုကောင်းမယ့် ဇာတ်ကားလေးပါနော်
” ခပ်ချောချောကျူရှင်ဆရာလေးက စာသင်ခန်းထဲမှာတင် မဟုတ်ဘဲ နှလုံးသားထဲအထိ သင်ခန်းစာတွေ ပေးလာတဲ့အခါ…”
ဇာတ်လမ်းအကျဥ်း
>>>>>>>>>>>>>>>
Takasugi Toru ဆိုတာကတော့ ကျောင်းမှာဆို ရန်ပွဲမရှိရင် မနေနိုင်သလို၊ စာမေးပွဲရမှတ်တွေကလည်း အမြဲတမ်း “သုည” နဲ့ မကင်းတဲ့ လူမိုက်ဖက်ရှင်နဲ့ ဆိုးမိုက်နေတဲ့ ကောင်လေးတစ်ယောက်ပါ…
သူ့ရဲ့ အမူအကျင့်တွေကြောင့် စိတ်ပျက်နေတဲ့ မိခင်ဖြစ်သူက နောက်ဆုံးလက်နက်အနေနဲ့ အိမ်တိုင်ရာရောက် ကျူရှင်ဆရာတစ်ယောက် ငှားရမ်းပေးခဲ့ပါတော့တယ်….
ဒါပေမဲ့ အိမ်ကိုရောက်လာတဲ့ ဆရာက ထင်ထားသလို မျက်မှန်ကြီးနဲ့ စာအုပ်ကြီးသမား မဟုတ်ဘဲ၊ လှပလွန်းတဲ့ရုပ်ရည်နဲ့ နူးညံ့သိမ်မွေ့တဲ့ အပြုအမူတွေရှိတဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတဲ့အခါမှာတော့…
ဆိုးပေပြီး ရမ်းကားတတ်တဲ့ Takasugi Toru တစ်ယောက် ထူးဆန်းပြီး ချိုသာလွန်းတဲ့ Kishi Naito ရဲ့ သင်ကြားပြသမှုပုံစံတွေအောက်မှာ ဘယ်လိုတွေ ရုန်းကန်ရမလဲ???
လူမိုက်လေး Toru ရဲ့ ဘဝထဲကို သိမ်မွေ့နူးညံ့တဲ့ Naito ဝင်ရောက်လာတဲ့အခါ သူတိုနှစ်ဦးကြားမှာ ဘယ်လိုမျိုး ရယ်မောစရာ အလွဲလေးတွေ ဖြစ်လာမလဲ ???
Naito ရဲ့ ဘဝကရော ဘယ်လိုတောင် သိသိသာသာ ပြောင်းလဲသွားမလဲဆိုတာကို ဒီ Heartwarming Comedy ဇာတ်ကားလေးမှာ ရင်ခုန်ကြည်နူးဖွယ် မြင်တွေ့ရမှာမို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…
Y…🍷