Doona!

Ended 1 Seasons - 9 Episodes
1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading...

m 2023 213 views

Background

https://t.me/blsflix_channel4

တောင်ကိုရီးယားနိုင်ငံရဲ့ အလှနတ်သမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Bae Suzy ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ။ပျိုမေတိုင်းအားကျရလောက်တဲ့ အလှတရားရှိပြီးတော့ ပုရိသတွေကြားမှာလည်း နှစ်ခါပြန်ငေးကြည့်ရလောက်တဲ့မင်းသမီးတစ်ယောက်ပါ။

ဒီလိုအလှနတ်မိမယ် Bae Suzy ပါဝင်ထားတဲ့ Doona ဆိုတဲ့ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Netflix ကနေ အောက်တိုဘာ ၂၀ မှာထွက်ရှိမှာဖြစ်ပြီး အပိုင်း ၉ ပိုင်းပါဝင်ပြီးတော့ တစ်ခါတည်းထုတ်လွှင့်မှာပါ။

ဇာတ်လမ်းလေးကနာမည်ကြီးအဆိုတော်မိန်းကလေးအဖွဲတစ်ခုရဲ့ ပင်တိုင်အဆိုရှင် Lee Doo Na တစ်ယောက် ရုတ်တရက်ကြီး အနားယူဖိုကြေညာလိုက်ပါတယ်။အဲဒီနောက် တက္ကသိုလ်တစ်ခုအနားမှာရှိတဲ့ အိမ်လေးတစ်လုံးမှာငှားနေခဲ့ပါတယ်။

အဲဒီနေရာမှာပဲ ရိုးသားပြီး အေးဆေးတည်ငြိမ်တဲ့ တက္ကသိုလ်ကျောင်းသား Lee Won Joon နဲ့ တွေ့ဆုံခဲ့ပြီး ဘယ်လိုမျိုးအချစ်ဇာတ်လမ်းဖြစ်လာမလဲဆိုတာကတော့ ရိုမန့်တစ်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ဒါရိုက်တာကလည်း နာမည်ကြီး Crash Landing on You ရဲ့ပဲ့ကိုင်ရှင်ဖြစ်လို ရိုမန့်တစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာမှာအသေအချာပါပဲ။

Info
Cast
Background