🏋️Typhoon Familyအပြီး Lee Jun Hoရဲ့ Comeback ဒရမ်မာလေးဖြစ်တဲ့ Cashero ကိုဒီတစ်ခါ BLSFLIX ချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်လေးကတော့ ထူးထူးဆန်းဆန်းလေးပါ။
🏋️Kang Sang Ung(Lee Jun Ho)မှာ ထူးခြားတဲ့ အင်အားအလွန်သန်မာတဲ့ အစွမ်းပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ချွင်းချက်က သူအဲဒီအစွမ်းကိုသုံးဖို့ဆိုရင် ပိုက်ဆံရှိရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ရှာသမျှပိုက်ဆံက လူကယ်ဖို့ သုံးတဲ့အစွမ်းထဲ ရောက်ရောက်သွားတဲ့အခါ။
🏋️Sang Ungရဲ့ကောင်မလေးဖြစ်သူ Kim Min Sukကတော့ သူဘယ်လိုဖြစ်နေ ဖြစ်နေ ပိုက်ဆံတွေရှာပြီးထောက်ပံ့ရှာပါတယ်။ ဒီလိုနဲ့ ပြည်သူတွေကို ဒုက္ခပေးမဲ့ အန္တရာယ်ဆိုးတွေက တဖြည်းဖြည်းများပြားလာတဲ့အခါ။
🏋️ဇာတ်ကောင် Sang Ungခမျာ လူတွေလည်း ကယ်ရသေး လူတို့ကယ်ဖို့အတွက် အစွမ်းထုတ်နိုင်ဖို့အရေး ပိုက်ဆံပါရှာနေရတော့ ဒီလိုဒုက္ခသုခ ပေါင်းစုံကြား ဘယ်လိုဗျာများမလဲ။ Lee Chae Minနဲ့ Kang Hanaလို မင်းသား မင်းသမီးချောနှစ်ယောက်ကလည်း ဗီလိန်မောင်နှမနေရာကနေ ပါ၀င်သေးထားတာမလို့ ယခုပဲ BLSFLIX ချန်နယ်ကနေ လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်နော်။
.