”ယောက်ျားကောင်းတွေကြားမှာ ငါ့ရဲ့ဖြစ်တည်မှုဟာ အားနည်းချက် မဖြစ်စေရဘူး…
သူတိုထက် ပိုသန်မာကြောင်း သက်သေပြဖို ငါ့ကိုယ်ငါ အစွန်းကုန် ကြိုးစားခဲ့တယ်…
Gay တစ်ယောက်ကလည်း မရိန်းတပ်သားဖြစ်နိုင်တယ်…
ဒီဇာတ်ကားကတော့ BLSFLIX ပရိတ်သတ်ကြီးတိုကို တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်၊ Parris Island ရဲ့ ရေတပ်သားသစ်စုဆောင်းရေးဌာန ထဲက ပူပြင်းခြောက်သွေ့တဲ့ လေ့ကျင့်ရေးကွင်းတွေဆီကိုအတူ ခေါ်ဆောင်သွားမှာပါ…
ဇာတ်လမ်းအကျဉ်း
>>>>>>>>>>>>>>
Bismarck နဲ့ New Orleans လို မြိုကြီးတွေကနေ ရောက်ရှိလာတဲ့ လူငယ်တစ်စု…
သူတိုအားလုံးဟာ Senior Drill Instructor တွေရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အမိန့်တွေအောက်က ငရဲခန်းကိုဖြတ်သန်းရမှာဖြစ်ပြီး စစ်သားကောင်းတစ်ယောက်ဖြစ်ဖို ကြိုးစားရမှာပါ…
ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့ ဗဟိုချက်ကတော့ ဂေး (Gay) တစ်ယောက်ဖြစ်နေတဲ့ အဓိကဇာတ်ကောင်ရဲ့ ရုန်းကန်မှုတွေကို မြင်တွေ့ရမှာပါ…
ယောက်ျားစစ်စစ်တွေသာ ကြီးစိုးနေပြီး ခွဲခြားဆက်ဆံမှုတွေနဲ့ စနောက်မှုတွေ ရှိနေတဲ့ မရိန်းတပ်ထဲမှာ သူဟာ သူ့ရဲ့ လျှိဝှက်ချက်ကို ထိန်းသိမ်းရင်း၊ တစ်ဖက်မှာလည်း ဘယ်သူ့ထက်မဆို သာလွန်တဲ့ စစ်သားတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို ကြိုးစားနေပါတယ်…
အရပ်သားတစ်ယောက်ကို စစ်သားတစ်ယောက်ဖြစ်အောင် စိတ်ဓာတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဘယ်လိုဖျက်ဆီးပြီး ပြန်လည်တည်ဆောက်သလဲဆိုတာကို လူငယ်တစ်စုရဲ့ ဖြတ်သန်းမှုတွေကနေ မြင်တွေ့ရမှာပါ…..
————————————————
ဒီကားဟာ သာမန် “Boot Camp” ဇာတ်ကားတွေလို သေနတ်ပစ်၊ ဗုံးခွဲတာတင် မဟုတ်ဘဲ၊ လူ့အခွင့်အရေး၊ လိင်စိတ်ခံယူမှုနဲ့ တာဝန်ဝတ္တရားကြားက အားပြိုင်မှုကို ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက် BLSFLIX Channel ကနေ ကြည့်ရှုပေးကြပါဦးနော်…
Y…🐳