Age Gap ကွာတာကြိုက်ပြီး ဇာတ်လမ်းဆန်းဆန်းလေးတွေ ကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ [18+]ဖိလိပိုင် BLရုပ်ရှင်ကားလေးနဲ့ မိတ်ဆတ်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်း
ကိုယ့် sexuality ကို ဂုဏ်သိက္ခာထိခိုက်မှာကြောင့်ရယ် လူတွေဝေဖန်ခံရမှာ ကြောက်တာကြောင့် ဖုံးကွယ်ရင်းနေလာခဲ့တဲ့ လူ့အခွင့်ရေးရှေ့နေ “ရောဘတ်”…
“ရောဘတ်”က ငယ်ငယ်တည်းက အရည်ချင်းရှ်ိတဲ့ ရှေ့နေဖြစ်တာကြောင့်မလို့ မြို့မှာနာမည်ရလာခဲ့တယ်
အဲအချိန်မှာ လယ်သမားတစ်ချို့ရဲ့ မြေတွေကို တစ်ချို့ကုမ္ပဏီတွေက အတင်းအဓ္ဓမ သိမ်းဖို့ လုပ်လာတော့ လယ်သမားခေါင်းဆောင် “ဒိုမန်”က အဖွဲ့စည်းထောင်ပြီး အမှုဖွင့်တယ်..အဲအမှုကို “ရောဘတ်”က ကိုယ်စားပြုပြီး လူ့အခွင့်ရေးရှေ့နေပီပီ အတူပူးပေါင်း တရားမျှတမှုအတွက် ရုန်းကန်ပေးခဲ့တယ်
“ရောဘတ်” နဲ့ ” ဒိုမန် ” တို့နှစ်ယောက် အတိုင်ဖောက်ညီညီနဲ့ အမှုလည်း အဆင်ပြေလာတော့ ဆန့်ကျင်ဖက် ကုမ္ပဏီက မကျေနပ်တော့ဘဲ “ဒိုမန်” ကို လူငှားသတ်ခိုင်းလိုက်ပါတော့တယ်…
စိတ်မကောင်းစရာကတော့ “ဒိုမန်”မှာ သားငယ်လေးဖြစ်သူ “မက်သရူး” ကျန်နေခဲ့တာပါပဲ..အဲအတွက် “ရောဘတ်”က “မက်သရူး” ကို သူ့မိသားစုစီခေါ်ပြီး မွေးစားဖို့ ဆုံးဖြတ်လိုက်တယ်..
“ရောဘတ်” မှာ “မက်သရူး” ရွယ်တူ သမီးလေးတစ်ယောက်ရယ် စိတ်ထားအရမ်းကောင်းတဲ့ မိန်းမရယ်နဲ့ ပျော်စရာမိသားစုကြီးပေါ့.. “မက်သရူး” ကို မိန်းမဖြစ်သူကလည်း သားအရင်းလိုချစ်ပြီး စောင့်ရှောက်ပေးတယ်.. သမီးနဲ့တန်းတူထားတယ်
ကလေးတွေအရွယ်ရောက်လာတော့ မောင်နှမလို မွေးထားခဲ့ပေမယ့်လည်း သမီးဖြစ်သူ “မီကာ”က “မက်သရူး” အပေါ် ခံစားချက်ရှိလာခဲ့တယ်.. ဒါပေမယ့် ပြသနာက မိဘတွေ သဘောမတူတာမဟုတ်ဘဲ “မက်သရူး” က မွေးစားအဖေဖြစ်သူ ‘ရောဘတ်’ အပေါ် ခံစားချက်ရှိနေတာပဲဖြစ်တယ်…
“ရောဘတ်”လည်း သူ့အပေါ် ခံစားချက်ရှိပါတယ်လို့ “မက်သရူး” က ယုံကြည်နေတာဖြစ်တဲ့အတွက်..
ဒီရှုပ်ထွေးလှတဲ့ အချစ်ရေးကြီးမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာ အခုပဲ BLSFLIX Channel မှာကြည့်ရှုလို့ရပါပြီ။