ယနေ့ BLSFLIX ချန်နယ်လေးကနေ တင်ဆက်ပေးသွားမဲ့ ကားကောင်းလေးကတော့ ‘Mai’ ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားလေးပါ။ ထွက်ရှိထားတာ သိပ်မကြာသေးသလို IMDb 6.9အထိရရှိပြီး ဗီယက်နမ်နိုင်ငံမှာလည်း ရုံ၀င်ငွေအမြင့်ဆုံးအထိ ရရှိထားတဲ့ဇာတ်ကားလေးပါ။

ဒီဇာတ်ကားလေးဟာ ဗီယက်နမ်လူမှုပတ်၀န်းကျင်နဲ့ ဗီယက်နမ်အမျိုးသမီးတွေရဲ့ ဘ၀ကိုတစေ့တစောင်းမဟုတ် ကွက်ကွက်ကင်းကင်းရိုက်ပြထားပြီး ဒီဇာတ်ကားထဲမှာ အစွန်းရောက်ဖိုဝါဒကြီးစိုးတဲ့နိုင်ငံမှာ မိန်းကလေးတွေရဲ့ ဘ၀က ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းလဲဆိုတာကို ပြသထားပါတယ်။

မိုင်ဟာ မထင်မရှား စရိုက်ဆန်ဆန် ကျွန်မတို့အဆိုဆိုရင်တော့ ရက်ကွက် သူတို့အဆိုဆိုရင်တော့ တိုက်ခန်းအိမ်ယာကို ပြောင်းလာတဲ့ မိန်းက‌လေးတစ်ယောက်ပါ။ ငယ်ငယ်ချော‌ချော မိန်းကလေးတစ်ယောက် ဘာလို့ဒီလိုနေရာမျိုးမှာ တစ်ယောက်တည်းလာနေရတယ်ဆိုတာကို ပတ်၀န်းကျင်က တီးတိုးတီးတိုးနဲ့ သို့လောသို့လော ဖြစ်ကုန်ကြတာပေါ့။

မိုင်ဟာ ပတ်၀န်းကျင်ကို အန်တုရုန်းကန်ရင်း သူမရဲ့အိမ်နီးနားချင်းဖြစ်သူ ဆောင်ဆိုတဲ့ ကောင်လေးနဲ့ ချစ်ခင်ရင်းနှီးကျွမ်း၀င်လာပါ‌တယ်။ ဒါပေမဲ့လည်း သူတို့နှစ်‌ယောက်ရဲ့ ချစ်ခရီးလမ်းဟာ မဖြောင့်ဖြူးသလို အခွင့်သင့်တိုင်း မိုင်မေ့ပျောက်ထားတဲ့ အတိတ်ကိုတူးဆွနေချင်ကြတဲ့သူ‌တွေလည်း အများကြီးပါ။ မိုင့်ဘ၀ဟာ တကယ်ပဲဘယ်လိုလဲဆိုတာကို ဗီယမ်နမ်ရဲ့ လူနေထိုင်မှုဘ၀နှင့် တစ်လွှာချင်းဆီ ယှဉ်ပြီးရိုက်ပြသွားတာမလို့ ဒီဇာတ်ကားလေးကို BLSFLIX ချန်နယ်မှာ လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။

Review by HEET

Mai
# TYPE SERVER LANGUAGE QUALITY
1 Download Download Usersdrive Usersdrive Image MMMM 1080p FHD
2 Download Download Usersdrive Usersdrive Image MMMM 720p HD
3 Download Download Usersdrive Usersdrive Image MMMM 480p