Cobalt Blue


- Original title: कोबाल्ट ब्लू
- Release date: 02-04-2022
- Genre: Drama, Romance
- Directors: Sachin Kundalkar
- Rating: 5.0 2 votes



ဇာတ်လမ်းကို အညွှန်းမပြောခင်လေးမှာ
ခေါင်းစဉ်အကြောင်း ပြောပြချင်ပါတယ်။
Cobaltဆိုတာ chemical elementတစ်ခုဖြစ်ပါတယ်။
Blue(အပြာရောင်)ကတော့ စိတ်ခံစားမှုအပိုင်းနဲ့ ဖော်ပြရရင် ချစ်ခြင်းမေတ္တာနဲ့ လွမ်းဆွတ်ခြင်းလို တင်စားကြပါတယ်။ Cobaltနဲ့ Blueကို ပေါင်းလိုက်တဲ့အခါမှာတော့
လွမ်းဆွတ်ဖြေသိမ့်ခြင်းနဲ့ အေးချမ်းခြင်းလို အဓိပ္ပာယ်ရပါတယ်။
ဟုတ်ပါပြီ ဇာတ်လမ်းအကြောင်းကို အကျဉ်းချုံးပြောရရင်တော့ ကယ်ရာလာမြိုမှာ အိန္ဒိယဓလေ့ထုံးတမ်းတွေကို မြတ်နိုးတဲ့
မိသားစုတစ်ခုရှိပါတယ်။ တစ်နေ့ အဲ့ဒီမိသားစုအိမ်မှာ ကိုလူချောတစ်ယောက် အခန်းလာပြီး ငှားနေပါတယ်။ အဲ့ဒီအခန်းငှားကို ထိုမိသားစုရဲ့ မောင်နှမ၂ယောက်ဖြစ်တဲ့ “တနေး”နဲ့ “အနူဂျာ”တို ချစ်မိသွားကြပါတော့တယ်။ အဲ့ဒီအခန်းငှားကရော အစ်ကိုဖြစ်သူ”တနေး”ကိုရွေးမလား ညီမဖြစ်သူ”အနူဂျာ”ကိုပဲ ရွေးမလား။ ဓလေ့ထုံးတမ်းတွေကို လေးစားတဲ့ အဲ့ဒီမိသားစုကရော သူတိုမိသားစုဝင်”တနေး”က ဂေးတစ်ယောက်ဆိုတာကို လက်ခံပေးကြမလား။
မောင်နှမ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲ။
LGBTQတွေကို လက်မခံတဲ့ အိန္ဒိယနိုင်ငံမှာ “တနေး”တစ်ယောက် ဂေးဆိုတာကို ဝန်ခံသွားမလား။
ဇာတ်လမ်းအဆုံးမှာလည်း ဟိုးအပေါ်မှာရှင်းပြပေးခဲ့တဲ့ အဓိပ္ပာယ်အတိုင်း အဆုံးသတ်မလား ဆိုတာကတော့…
Sachin Kundalkarရေးသားခဲ့တဲ့ မှုရင်းဝတ္ထုအတိုင်း “အခန်းငှားတဲ့သူ”ဟာ ဇာတ်လမ်းထဲမှာရော ဝတ္ထုမှာပါ နာမည်ပေးထားခြင်းမရှိပါဘူး။
IMDB – 6.8/10
Language – Hindi
Runtime – 1h52m
Translated by Pyae Phyo Paing Oo
Encoded by Etty