🪄ကျောင်းသားကားလေးကိုမှ အရောင်အသွေးစုံစုံ တက်တက်ကြွကြွလေး ကြည့်ရှုရမဲ့ Spirit Fingersဆိုတဲ့ ဇာတ်ကားကို BLSFLIX Channelကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ နာမည်ကြီး Manhwaကို live actionအဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
🪄Song U Yeon(Park Ji Hu) ဟာ ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိတဲ့ စာချည်းသာဖိလုပ်နေတတ်တဲ့ ၁၈နှစ်အရွယ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်နေ့မှာ အပြောင်းအလဲဖြစ်ဖိုဆိုပြီး Art Clubတစ်ခုကို၀င်လိုက်ပါသတဲ့။
🪄ဒါပေမဲ့ ဒီArt Clubဟာ ပုံချည်းထိုင်ဆွဲနေရတဲ့ သာမန်အသင်းမျိုးမဟုတ်ဘဲ အရောင်အသွေးစုံလူတွေနဲ့ ဖွဲစည်းထားတဲ့အခါ။အဖွဲနာမည်လေးကလည်း Spirit Fingersပါတဲ့။ ပန်းချီဆွဲရုံတင်မဟုတ်ဘဲ ဒီအဖွဲလေးက မိမိကိုယ်ကို ရှာတွေ့ဖိုပါ ဘယ်လိုကူညီပေးသွားမလဲ။ ဒီထဲမှာမှ အဖွဲ၀င် Red fingerဖြစ်တဲ့Nam Gi Jeong(Cho Jun Young)ဆိုတဲ့ ကောင်ချောလေးရဲ့ စိတ်၀င်စားမှုကိုလည်း U yeonတစ်ယောက် ဘယ်လိုရသွားမလဲဆိုတာကို သိချင်ရင်တော့ BLSFLIX Channelမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်နော်။
ကြည့်ရန်ချန်နယ်