နာမည်ကြီးဆာယမ်ကန်ချနာကျောင်း (Siam Kanchana School) သည် ဩဇာအရှိဆုံးနိုင်ငံရေးသမားဖြစ်တဲ့ ချနင်း (Chanin) မိသားစုက တည်ထောင်ထားတဲ့ ကျောင်းဖြစ်ပြီး အာဏာရှိသူများ၏ သားသမီးများအတွက်တော့ကောင်းကင်ဘုံတစ်ခုလို ဖြစ်သော်လည်း scholarship နဲ့ဝင်ရောက်လာရသော ကျောင်းသားများအတွက်တော့ လူတန်းစားခွဲခြားမှုများကြောင့် အိမ်မက်ဆိုးတစ်ခုလို ဖြစ်နေပါတယ်။
ချနင်းရဲ့ဇနီး အုပ်ချုပ်မှုအောက်မှာ အပေါ်ယံကကြည့်ရင် ပြီးပြည့်စုံနေသော်လည်း ကျောင်းဝင်းအတွင်း လူသတ်မှုကြီးတစ်ခုဖြစ်ပွားသောအခါ ပိတ်ကွယ်ထားသောအမှန်တရားများ စတင်ပေါ်ထွက်လာပါတော့တယ်
အာဏာနှင့် ငွေကြေးကို အသုံးချပြီး သားသမီးနဲ့ မိသားစုဂုဏ်သိက္ခာကို ကာကွယ်လိုသည့် အဖွဲ့ကတစ်ဖက် နဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားေနတဲ့ အခြားဖက်ကြားမှာ…
ရှေ့နေကြီး Sasiwimol (ဆာစီဝီမောလ်) ကလူတန်းစားခွဲခြားတဲ့နံရံကို ချိုးဖောက်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလား…
အာဏာက အမှားကို အမှန်အဖြစ် ပြောင်းလဲနိုင်တဲ့ လောကမှာ ကလေးတွေရဲ့ အနာဂတ်ကေရာဘယ်လိုအဆုံးသတ်မလဲဆိုတာကို ကျွန်ုပ်တို့ BLSFLIX channel နဲ့အတူကြည့်ရှုခံစားကြရအောင်ေနာ်🫶