ဒီတစ်ခါတင်ဆက်မဲ့ ဇာတ်လမ်းလေးကတော့ လျှို့ဝှက်သည်းဖိုစရာကောင်းတဲ့ ဂျပန်ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်
မင်္ဂလာပွဲကျင်းပနေတုန်း ရုတ်တရက် သေဆုံးသွားတဲ့ သတိုသမီး ဆာယာကာ
သေဆုံးသွားတဲ့သတိုသမီးက ရိုးရိုးသာမန်သေဆုံးမှုမဟုတ်ဘဲ အဆိပ်ခတ်ခံရပြီး သေဆုံးနိုင်ချေရှိတာကို ပြောပြခဲ့တဲ့ မင်္ဂလာပွဲကို ဓာတ်ပုံလာရိုက်ပေးတဲ့ ဓာတ်ပုံဆရာ ဆာကူရာဘို
အဲဒီအခါမှာ ဆာယာကာရဲ့ခင်ပွန်း ဟာယာရှီဒ ခါဇုအိုမိက တရားခံကို သူကိုယ်တိုင်ရှာဖို ဆုံးဖြတ်ခဲ့ပြီး မင်္ဂလာပွဲနေ့မှာ အစအဆုံးမြင်တွေ့ခဲ့တဲ့ ဓာတ်ပုံဆရာ ဆာကူရာဘိုကို အတူတူ တရားခံရှာဖို တောင်းဆိုခဲ့ပါတော့တယ်
တရားခံကိုရှာဖွေရင်း အားလုံးရဲ့ဟန်ဆောင်မှုတွေအပြင် ဆာယာကာရဲ့ အမှောင်ဖုံးနေတဲ့ အတိတ်ပါ တဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါ..
တရားခံကရော မင်္ဂလာပွဲတက်လာတဲ့သူတွေက ဘယ်သူဖြစ်မလဲ သတိုသားကိုယ်တိုင်ရော ဖြစ်နိုင်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ လျှိဝှက်သည်းဖိုစွာ ကြည့်ရှူသွားရမှာပါ အားလုံးက ဘယ်သူက တရားခံဖြစ်မလဲဆိုတာ ခန့်မှန်းရင်း BLS FLIX channel မှာ စောင့်မျှော်ကြည့်ရှူသွားပါဦး