ကာတွန်းဆရာဖြစ်တဲ့ အသက်(၅၄)နှစ်အရွယ် Ohn ဟာ “Kittima: The Sorceress of Spellbound City” ဆိုတဲ့ကာတွန်းစီးရီးနဲ့ အောင်မြင်မှုရခဲ့သူဖြစ်ပါတယ်။သိုပေမဲ့ ယခုဆိုရင် သူဖန်တီးသမျှကာတွန်းလက်ရာအားလုံးဟာ အရင်လိုမျိူးအောင်မြင်မှုမရသလို သူ့ရဲ့ကျန်းမာရေးကလည်း တဖြည်းဖြည်းနဲ့ဆိုးရွားလာပါတော့တယ်။
ဒါ့အပြင် Ohn ဟာ မာကတ်တင်းပညာရှင်ဖြစ်တဲ့ အသက် (၅၅)နှစ်အရွယ် Jira ဆိုတဲ့ယောကျာ်းနဲ့ (၇)နှစ်နီးပါး တွဲလာခဲ့ပြီး ယခုဆိုရင် သူတိုနှစ်ယောက်ရဲ့အချစ်ရေးကလည်း နာကျင်မှုအပြည့်နဲ့အဆုံးသတ်တော့မယ့် အနေအထားမျိူးရောက်ရှိလာပြီး တစ်ချိန်တုန်းမှာ ပျော်ရွှင်မှုအပြည့်ရှိခဲ့တဲ့နေ့ရက်တွေလည်း ယခုဆိုရင် တိတ်ဆိတ်ပြီးခြောက်ကပ်လာတော့တယ်။ ဒီလိုနဲ့ Jira ဟာစိတ်ဖိစီးမှုအပြည့်နဲ့ ညတိုင်းအိပ်မပျော်နိုင်သောကြောင့် ဗေဒင်ဆရာနဲ့သွားတိုင်ပင်ရာမှာ ဒီနှစ်အတွင်း သူ့ရဲ့ဘဝတစ်စစီပျက်စီးသွားနိုင်တယ် ဆိုပြီးဗေဒင်ဆရာကလည်း ဟောကိန်းထုတ်ထားသေးတယ်။
သူတိုနှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့မှာလည်း Ohn ဟာ ကံဆိုးမှုပေါင်းစုံနဲ့ကြုံရပြီး သူ့ဘဝတက်လမ်းအတွက်အခွင့်အလမ်းဖြစ်တဲ့ အလုပ်ကိုလက်လွှတ်သွားခဲ့သလို ဆိုင်ကယ်တိုက်ခံရတဲ့မတော်တဆလည်းကြုံရပြီး အိမ်ပြန်ရောက်တဲ့အခါမှာလည်း Jira ဆီကလျစ်လျူရှုမှုကိုခံရသောကြောင့် နှစ်ယောက်သားအကြီးအကျယ်ရန်ထပ်ဖြစ်လိုက်ပါသေးတယ်။ဒီလိုနဲ့ နှစ်ယောက်သားရဲ့အချစ်လမ်းကလည်း “ရှေ့ဆက်နိုင်သေးရဲ့လား?” ဆိုတဲ့မေးခွန်းတွေပေါ်လာတယ်။
သို့ပေမဲ့ အချစ်အပေါ်ယုံကြည်တဲ့သူတိုနှစ်ယောက်ကလည်း အရှုးမပေးဘဲ သူတိုသူငယ်ချင်းဟောင်းဆီက အားပေးစကားနဲ့ကူညီမှုတွေကြောင့် သူတိုနှစ်ယောက်လည်းထပ်မံ ရှေ့လျှောက်ပြီး ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူတိုနှစ်ယောက်ကြားကဆက်ဆံရေးတွေရဲ့အဆုံးသတ်ဟာ ပုံပြင်ထဲကလိုမျိူးလှပနိုင်မှာလား သူတိုအချစ်ကြားကအတားအဆီးတွေကို နှစ်ယောက်သားဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ကျွန်တော်တို့ BLSFLIX နဲ့အတူကြည့်ရှုရမှာဖြစ်ပါတယ်။