ကြောင်မချစ်တက်တဲ့ ကောင်လေးနဲ့ ကြောင်ချစ်တက်တဲ့ အကြွေးရှင်ကောင်လေးတိုရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်…
‘Lynx’ ဆိုတဲ့ကောင်လေးက အမေဆုံးသွားပြီးတဲ့အချိန်မှာ အမေဖြစ်သူချန်ခဲ့တဲ့ ကြောင်ကာဖေးဆိုင်ကို ဆက်လက်တာဝန်ယူရဖို ဖြစ်လာပါတော့တယ်.. ဒါပေမယ့် ပြသနာကတော့ ‘Lynx’ က ကြောင်မချစ်တက်ပါဘူး… အမေရှိစဉ်မှာ အမေက ကြောင်တွေကိုပဲ ဦးစားပေးပြီး ဒီကြောင်တွေကို အမြဲလျော့ပေးနေခဲ့ရလိုပါပဲ
အဲအတွက်ကြောင့် ဒီကာဖေးကို ဆက်ဖွင့်ရပါ့မလားလိုတွေဝေနေချိန်မှာ..အမေ့ရဲ့ အကြွေးရှင် ‘Tiger’ ဆိုသူက.. အကြွေးနဲ့ ကိုင်ပေါက်ကာ ဒီဆိုင်ကို ဆက်ဖွင့်ဖို ဖိအားပေးလာပါတော့တယ်..
‘Tiger’က အကြွေးတွေပတ်သိမ်းတဲ့ အကြွေးရှင်တစ်ယောက်… တနေ့ အကြွေးလာတောင်းရင်း ကြောင်ကာဖေးပိုင်ရှင်အမျိုးသမီးက နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပါတယ် ဒါပေမယ့် မသေဆုံးခင်မှာ သူ့ဆီ ကြောင်တွေကို နားလည်နိုင်မယ့်စွမ်းအားတစ်ခုကို လွဲပြောင်းပေးခံလိုက်ရတယ်..
အဲအတွက် ကြောင်ချစ်ပေမယ့် ကြောင်မွေးနဲ့ ဓာတ်မတည့်တဲ့ ‘Tiger’ မှာ အခုဆို ကြောင်လေးတွေကို နားလည်နိုင်တဲ့ စွမ်းအင်ပါရှိလာတဲ့အတွက်.. နဂိုထက်ပိုပြီး ဒီဆိုင်ကကြောင်လေးတွေကို ပိုနားလည် ရင်းနှီးလာပြီး သူတိုအတွက် အဆင်ပြေနိုင်အောင် ဒီဆိုင်မပိတ်ဖို အကြွေးနဲ့ ဖိအားပေးပြီး ဆက်ထိန်းသိမ်းရပါတော့တယ်..
ဒီလိုနဲ့ ကြောင်မချစ်တက်တဲ့ ‘Lynx’ နဲ့ ကြောင်ချစ်တက်တဲ့ အကြွေးရှင် ‘Tiger’ တို ဖူးစာဆုံလာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ BLSFLIX Channel နဲ့အတူ စောင့်မျော်ကြည့်ရှုလိုက်ရအောင်။