“မှားယွင်းတဲ့ မျှော်လင့်ချက်ကို ပိုပိုပြီး ဆုပ်ကိုင်ထားလေလေ ပိုပိုပြီးပဲ အသက်ရှူကြပ်စေမှာ။ လက်လျော့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင်လုပ်လိုက်တော့”
“အဲ့လိုလုပ်လိုက်ရုံနဲ့ ပြောင်းလဲသွားမှာလား။ မသေလိုက်ပါနဲ့။ အတူတူ လက်စားချေကြပါစို”
ကဲ အားလုံး စောင့်မျှော်နေရတဲ့ သက်တန့်ပိုဆောင်ရေးနဲ့ သူတိုရဲ့ တစ်စီးတည်းသော တက္ကစီ ၅၂၈၃ ပြန်လာပါပြီ။
“တရားမျှတမှု ပျောက်ဆုံးနေတဲ့ လူမှုအဖွဲအစည်းမှာဖုန်းတစ်ကောလ်ခေါ်ရုံနဲ့ အရာရာ အဆင်ပြေသွားနိုင်ပါတယ်” ဆိုတဲ့ သူတိုရဲ့ ဆောင်ပုဒ်အတိုင်းပေါ့။
ဒီတစ်ခေါက်မှာ ကင်ဒိုဂီနဲ့ သူ့ရဲ့ သက်တန့်ပိုဆောင်ရေးအဖွဲသားတွေက လက်စားချေဖုန်းကောလ်တစ်ခုကို ဝန်ဆောင်မှုပေးရင်း ပုဂ္ဂလိကငွေချေးလုပ်ငန်းတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတော့မှာပါ။
အဲ့လုပ်ငန်းက ကိုရီးယားတင်မက ဂျပန်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူကုန်ကူးအဖွဲအစည်းကြီးနဲ့ပါ တိုက်ရိုက်ဆက်နွယ်နေတာမို သက်တန့်ပိုဆောင်ရေးက ပြည်ပအထိ ဝန်ဆောင်မှု ပေးနိုင်ပါ့မလား။
နောက်ကွယ်က လက်မည်းကြီးတွေရဲ့ လက်တံရှည်ကို ရှောင်ရှားပြီး အဖွဲသားတိုင်း အထိအခိုက်မရှိစေဘဲ တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးနိုင်ပါ့မလား။
အစဉ်အလာကြီးတဲ့ Taxi driver 3 ကို ၁၆ ပိုင်းအပြည့်ပြသမှာဖြစ်ပြီး November 21 ကစလို သောကြာ၊ စနေညတိုင်း BLSFLIX မှာ အသည်းတယားယား ရင်တမမ ကြည့်ရှုခံစားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်