“School 2021” ဇာတ်လမ်းတွဲမှာတုန်းက ပရိသတ်တွေ သဘောကျခဲ့ရတဲ့ အတွဲလေး လေးနှစ်အကြာမှာ ပြန်ဆုံကြပြီဆိုတော့ K-Drama ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု ပါလာပါပြီ။ ဒီတစ်ခါ သူတိုပြန်လာတာကတော့ “The 4th Love Revolution” (သိုမဟုတ်) “Love.exe” လိုခေါ်တဲ့ Campus Rom-Com ဇာတ်ကားသစ်လေးနဲ့ပါ။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံလေးက တော်တော်ဆန်းသလို ရယ်လည်းရမယ့်ပုံပါပဲ။ ဘယ်လိုမှ ရေစက်မတည့်မယ့်ပုံ ပေါက်နေတဲ့ ကွန်ပျူတာအင်ဂျင်နီယာ (CS) မေဂျာက ကျောင်းသားတွေနဲ့ အလှအပကြိုက်တဲ့ မော်ဒယ်မေဂျာက ကျောင်းသားတွေ အတန်းတူတူတက်၊ ပရောဂျက်တွေ တူတူလုပ်ကြရတဲ့အခါ ဖြစ်လာမယ့် အလွဲတွေကို အဓိကထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Logic ကျကျ တွက်ချက်တတ်တဲ့ CS သမားတွေနဲ့ ဖက်ရှင်ကျကျ နေထိုင်တတ်တဲ့ မော်ဒယ်တွေ ထိပ်တိုက်တွေ့ကြတော့ ရယ်စရာတွေ မဖြစ်ဘဲ ဘယ်နေမလဲနော်။
သရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသား Kim Yo-han က Follower သန်းချီရှိတဲ့ နာမည်ကြီး Influencer အဖြစ် ပါဝင်ထားပြီး ရုပ်ချောပေမဲ့ နည်းနည်းတော့ ဦးနှောက်မရှိတဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတာပါ။ မင်းသမီး Hwang Bo-reum-byeol ကတော့ စာတော်လွန်းတဲ့ CS မေဂျာက ဉာဏ်ကြီးရှင်မလေးဆိုပေမဲ့ အချစ်ရေးမှာတော့ ဘာမှနားမလည်တဲ့ သူတစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ သူတိုနှစ်ယောက်ရဲ့ Operating System ချင်း မတူတဲ့ အချစ်ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လိုကောင်းမှာ သေချာပါတယ်။
အခုလို စိတ်ညစ်စရာတွေများနေတဲ့အချိန်မှာ ဘဝအမောတွေပြေပျောက်ပြီး အားရပါးရ ရယ်မောချင်တယ်ဆိုရင်တော့ ဒီနေ့ (နိုဝင်ဘာ ၁၃ ရက်) ပဲ စတင်ပြသနေပြီဖြစ်တဲ့ ဒီဇာတ်ကားလေးကို လက်မလွတ်တမ်း ရှာဖွေကြည့်ရှုဖို တိုက်တွန်းလိုက်ပါရစေဗျာ။
ကြည့်ရန်ချန်နယ်