“ချစ်ခြင်းအင်္သချေ”
မြင့်မြတ်တဲ့ သခင်လေး Lord Khun Yai နဲ့ ရိုးရာထိုင်းအကပညာရှင်လေး Kaewta တိုရဲ့ အချစ်ဇာတ်လမ်းဟာ ကံကြမ္မာရဲ့ ရက်စက်မှုကြောင့် ပေါင်းစည်းခွင့်မရဘဲ ဝမ်းနည်းဖွယ် ဇာတ်လမ်းလေးအဖြစ် ဆုံးခန်းတိုင်ခဲ့ရပါတော့တယ်…🥀
** ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြောင့် Lord Khun Yai ရဲ့ စိတ်ဝိညာဉ်ဟာ ငြိမ်းချမ်းရာကို မရောက်နိုင်ဘဲ…. ချစ်ရသူ Kaewta ကို စွဲလန်းစိတ်နဲ့ သူတိုရဲ့ အတိတ်ဇာတ်လမ်းရှိရာ ရှေးဟောင်းအိမ်ကြီးမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတော့တယ်…🥀
** ကံကြမ္မာရဲ့ အလှည့်အပြောင်းအရ Kaewta ဟာ ဘဝသစ်တစ်ခုနဲ့ ပြန်ရောက်လာခဲ့ပေမဲ့၊ သူ့ရဲ့ ခြေလှမ်းတွေကတော့ ဝိညာဉ်ပိုင်ရှင်ရဲ့ လွမ်းမောဖွယ် အိမ်ကြီးဆီကိုပဲ အလိုလို ဦးတည်နေခဲ့မိတယ်..🥀
** အဲဒီအိမ်ကြီးထဲကို ခြေချလိုက်တာနဲ့ Kaewta ရဲ့ စိတ်ထဲမှာ အတိတ်ဘဝရဲ့နာကျင်ဖွယ်မှတ်ဉာဏ်အပိုင်းအစတွေကို တစ်စစီ ပြန်လည် မြင်တွေ့လာတဲ့ပါတယ်…
** ပိုင်ရှင်မဲ့နေတဲ့ အချစ်၊ ဝမ်းနည်းစရာ ကံကြမ္မာတိုကြောင့် ပိတ်မိနေခဲ့တဲ့ ဝိညာဉ်တစ်ခုရဲ့ နာကျင်မှု…
ပြီးတော့ ပြန်လည် ဆုံတွေ့ခွင့်ရဖို မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ ဒီဘဝခြားနေတဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲဆိုတာ …
ရင်နင့်အောင် ခံစားပြီး စောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်မို BLSFLIX Channel လေးမှာ အတူလိုက်ပါပြီး ကြည့်ရှုပေးကြပါဦးနော် …
Y…🥀