DMD က အနုပညာရှင်တွေ များစွာပါဝင်ထားပြီး ပရိတ်သတ်တွေ စောင့်မျော်နေတဲ့ ဇွန်ဘီကားလေး ရောက်ရှိလိုလာပါပြီ..
ဇာတ်လမ်းအကျဉ်း
ဗိုင်းရပ်စ်ပိုးတစ်ခုဟာ ဘယ်ကနေစတယ်ဆိုတာ မသိရတဲ့အခြေအနေကနေ မြိုတစ်ခုလုံးကို ပြန့်လာပြီး ကူးစပ်ခံရတဲ့ သူတွေက ဖုတ်ကောင်တွေအဖြစ်ပြောင်းလဲလာပါတယ်
အဲဖုတ်ကောင်တွေက မြိုအနှံထိန်းချုပ်လာတဲ့အချိန်မှာတော့ ကျောင်းသားလူငယ်တစ်စုဟာထွက်ပြေးရင်း ရုန်းကန်ရပါတော့တယ်….
ကျောင်းထဲမှာ ပုန်းအောင်းနေကြတဲ့ ကျောင်းသားတွေအနေနဲ့ အပြင်လောကက အန္တရာယ်တွေသာမက သူတိုအချင်းချင်းကြားက အခက်အခဲတွေကိုပါ ဖြေရှင်းကြရမှာမလို အသက်ရှင်သန်ဖိုအတွက် ကြိုးပမ်းကြမယ့် သူတိုတွေ…အချိန်နဲ့အပြိုင် မပြေးနိုင်ရင်တော့ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတဲ့ ဖိအားတွေနဲ့အတူ..ဘယ်လို အဆုံးသတ်မလဲဆိုတာတော့…
သာမန်အပြေးအလွားဇာတ်လမ်းတစ်ခုမဟုတ်ဘဲ လူသားဆန်တဲ့ စိတ်ခံစားမှုတွေကိုပါ ပေါင်းစပ်ဖန်တီးထားတာကြောင့်… သည်းထိတ်ရင်ဖိုနဲ့ ဇွန်ဘီကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်စိတ်ဝင်စားစေမယ့် ဇာတ်ကားလေးဖြစ်တာမလို BLSFLIX Channel နဲ့အတူ အပတ်စဉ် စောင့်မျော်ကြည့်ရှုလိုက်ရအောင်နော်။