The Warp Effect

Returning Series 1 Seasons - 12 Episodes
  • Original title: รูปลับรหัสวาร์ป
  • In Production: Yes
  • First air date: 12-12-2022
  • Genre: Uncategorized
  • Rating: 0 votes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

m 2022 964 views

Background

မင်္ဂလာပါ BLSဖန်တို့ရေ ဒီတစ်ခါမိတ်ဆက်ပေးသွားမဲ့ဇာတ်ကားလေးကတော့ အားလုံးရဲ့အချစ်တော် မင်းသားချောလေး New Thitipoomရဲ့ The Warp Effectဆိုတဲ့ကားလေးပဲဖြစ်ပါတယ်

ဒီဇာတ်ကားလေးကတော့ ခေါင်းစဉ်လေးအတိုင်းပဲ ရည်းစားရှိနေပေမဲ့ ပူလောင်နေရတဲ့သူငယ်ချင်းလေးတို့အတွက် ခဏတာအမောတွေပြေပျောက်စေမဲ့ Comedy, Romanceအမျိုးအစားလေးပဲဖြစ်ပါတယ်

ကဲ စလိုက်ကြရအောင် Alexဆိုတာ အသက်ဆယ့်ခုနှစ်နှစ်အရွယ် အရှက်ကြီးတဲ့ကောင်လေးပေါ့ကွယ် ပြီးတော့ သူက သူတို့သူငယ်ချင်းအုပ်စုထဲမှာ တစ်ဦးတည်းသော လူပျိုလေးပေါ့ သူ့ရဲ့လူပျိုဘဝကုန်ဆုံးဖို့အတွက် အမျိုးမျိုးသောကြိုးပမ်းမှုတွေလုပ်ခဲ့ပေမဲ့ တလွဲစိန်လေးကတော့ ရယ်စရာကောင်းလောက်အောင်ပဲ ထပ်ခါထပ်ခါ ကျရှုံးခဲ့ပြန်ပါတယ်
တစ်နေ့မှာတော့ သူ အိပ်ရာကနိုးလာပြီး တခြားနယ်ပယ်တစ်ခုကိုရောက်နေပြီး သူ့ကိုယ်သူ လူပျိုမဟုတ်တော့ဘူးဆိုတာ သိသွားရပါတယ် အဲဒီအပြင် သူဟာ လိင်မှုဆက်ဆံရာမှာ ဆရာကြီးတစ်ပါးဖြစ်နေပြီး သားဖွားဆရာဝန်တစ်ယောက်ဖြစ်နေပါတော့တယ်
ဒါပေမဲ့ သူ့သူငယ်ချင်းဟောင်းတွေကတော့ သူ့ကို အကြောင်းပြချက်မရှိ မုန်းနေပြီး သူငယ်ချင်းအသစ်တွေနဲ့ရင်းနှီးနေပါတော့တယ် ဒါ့အပြင် ဒီပြောင်းလဲမှုကြီးအတွက် သဲလွန်စတစ်ခုအဖြစ် ထူးဆန်းတဲ့ဓာတ်ပုံတွေပေါ်လာ‌ပါတော့တယ်
Alexကရော သူ့သူငယ်ချင်းတွေနဲ့ ကတောက်ကဆဖြစ်နေတာကို ဖြေရှင်းနိုင်မှာလား
ဒီထူးဆန်းတဲ့ဓာတ်ပုံတွေရဲ့ပြဿနာကိုရော ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ မကြာခင်မှာပဲ BLSFLIXနဲ့အတူတူ ဆက်လက်စောင့်မျှော်ကြည့်ကြရအောင်လားခင်ဗျာ
The Warp Effectဆိုတဲ့ကားလေးကိုတော့ December 12ရက်နေ့ကနေစပြီး အပတ်စဉ် တနင်္လာနေ့တိုင်း GMMTVကနေပြသမှာပဲဖြစ်ပါတယ်

 

Season 1
1 Image Episode 12022
2 Image Episode 22022
3 Image Episode 32022
4 Image Episode 42023
5 Image Episode 52023
6 Image Episode 62023
7 Image Episode 72023
8 Image Episode 82023
9 Image Episode 92023
10 Image Episode 102023
11 Image Episode 112023
12 Image The Warp Effect 1x12 Episode 122023
Info
Cast
  • Original title: รูปลับรหัสวาร์ป
  • In Production: Yes
  • First air date: 12-12-2022
  • Genre: Uncategorized
  • Rating: 0 votes
Background