ပြောရရင်တော့ ဒီကားကို “လက်လွတ်မခံသင့်တဲ့ကား” လိုပဲ တစ်ခွန်းတည်းနဲ့ ညွှန်းချင်တယ်။
ဘာလိုလဲဆိုတော့လေ၊ သူ့ရဲ့ cast ကိုပဲ ကြည့်ဦး။ Action ကားတွေနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ Ji Chang-wook က ခေါင်းဆောင်မင်းသားနေရာကနေ ပြန်လာတာ။ ဒါပေမဲ့ အားလုံးကို အံ့ဩသင့်စေတာက သူ့ရဲ့ ပြိုင်ဘက်၊ main villain နေရာမှာ သရုပ်ဆောင်မယ့်သူပဲ။ ဘယ်သူလို ထင်လဲ။ EXO အဖွဲဝင် D.O. (Do Kyung-soo) လေ။ D.O. က အရင်ကားတွေမှာ အေးအေးဆေးဆေး မျက်နှာတည်တည်လေးနဲ့ သရုပ်ဆောင်ခဲ့တာများတော့ ဒီကားမှာ သူ ဘယ်လိုတွေတောင် ရက်စက်ပြီး ဗီလိန်ဆန်မလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖိုကောင်းနေပြီ။
ဇာတ်လမ်းကလည်း ရင်ခုန်စရာပဲ။ Ji Chang-wook က သာမန်ဘဝမှာ နေထိုင်နေတဲ့ လူတစ်ယောက်၊ ဒါပေမဲ့ တစ်ညတည်းနဲ့ သူ့ဘဝကြီးက ပြောင်းပြန်ဖြစ်သွားတယ်။ သူ မကျူးလွန်တဲ့ ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတစ်ခုအတွက် တရားခံအဖြစ် အစွပ်စွဲခံရပြီး ထောင်ထဲရောက်သွားရော။ အဲ့ဒီမှာတင် ဇာတ်လမ်းကစတာ။
သူ ထောင်ထဲရောက်နေတုန်းမှာ ဒီအမှုကြီးတစ်ခုလုံးက သူ့ကို တစ်ယောက်ယောက်က တမင်တကာ ထောင်ချောက်ဆင်ပြီး “ဖန်တီး” လိုက်မှန်း သိသွားတယ်။ အဲ့ဒီ ကြိုးကိုင်ခြယ်လှယ်နေတဲ့ Mastermind ကြီးက D.O. ပေါ့။ ဆိုတော့ ထောင်ထဲကနေ Ji Chang-wook တစ်ယောက် ဘယ်လိုပြန်ထွက်မလဲ၊ သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ D.O. ကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်ပြီး ကလဲ့စားချေမလဲ ဆိုတာကို အရမ်းမိုက်တဲ့ action တွေ၊ စိတ်လှုပ်ရှားစရာ ဇာတ်ညွှန်းတွေနဲ့ ကြည့်ရမှာ။
ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာက နာမည်ကြီး “Taxi Driver” ကို ရေးခဲ့တဲ့သူဆိုတော့ ကလဲ့စားချေတဲ့ ဇာတ်လမ်းမျိုးကို ဘယ်လောက်တောင် ပိုင်ပိုင်နိုင်နိုင် ရေးမလဲဆိုတာ စဉ်းစားသာကြည့်တော့။ ပြီးတော့ ဒီကားက Ji Chang-wook ပဲ သရုပ်ဆောင်ခဲ့တဲ့ “Fabricated City” ဆိုတဲ့ ရုပ်ရှင်ကို မှီငြမ်းထားတာဆိုတော့ ဇာတ်လမ်းက ပိုပြီးတောင် ခိုင်မာနေဦးမှာ သေချာတယ်။
Lee Kwang-soo လည်း ပါသေးတယ်နော်။ သူ့ Character က ဘယ်လိုလာမလဲဆိုတာလည်း စောင့်ကြည့်ရဦးမယ်။
တကယ်ပြောရရင်တော့ ဒီကားက သရုပ်ဆောင်အင်အားရော၊ ဇာတ်လမ်းအမျိုးအစားရော၊ ဇာတ်ညွှန်းဆရာရော အားလုံးပေါင်းဆုံပြီး အရမ်းကောင်းမယ့် ကားတစ်ကား ဖြစ်လာဖိုများတယ်။ အခုမှ စပြတာဆိုတော့ ချက်ချင်းသာ ကြည့်လိုက်တော့။ ဒါမျိုးမှ ကြည့်လိုမကောင်းရင် ဘယ်ကားကို ကြည့်လိုကောင်းတော့မလဲနော်။